ဟားမတ်စ်တွေလက်ထဲကနေ ကယ်တင်ခံခဲ့ရသူ ခိုက်ဖာဟန် အယ်လ်ခါဒီရဲ့ ကျန်းမာရေး အခြေအနေကောင်းနေတယ်လို့ အစ္စရေးနိုင်ငံ ဆိုရိုခါ ဆေးဘက်စင်တာရဲ့ အမှုဆောင် အရာရှိချုပ် ရှလိုမီ ကိုဒစ်ရှ်က သြဂုတ် ၂၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အယ်လ်ခါဒီဟာ ပုံမှန်အားဖြင့် ကျန်းမာရေးကောင်းမွန်နေပုံရပြီး သေချာစေဖို့ လာမယ့်နှစ်ရက်အတွင်း နောက်ထပ် ဆေးစစ်သွားမယ်လို့ ကိုဒစ်ရှ်က ပြောပါတယ်။
အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တွေရဲ့ နယ်စပ်ဖြတ်ကျော်ပြီး အစ္စရေးကို တိုက်ခိုက်မှုအတွင်း အစ္စရေးနဲ့ နိုင်ငံခြားသား အယောက် ၂၅၀ ကျော် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရကာ လူပေါင်း ၁၂၀၀ လောက် သေဆုံးခဲ့တာပါ။
အယ်လ်ခါဒီကို ကယ်ထုတ်အပြီး ဂါဇာမှာ အစ္စရေးနဲ့ နိုင်ငံခြားသား ဓားစာခံ ၁၀၈ ဦး ကျန်နေပါသေးတယ်။
ဟားမတ်စ်တွေ ဖမ်းသွားတာခံရတဲ့ ဓားစာခံ သုံးပုံတပုံလောက်က သေဆုံးသွားပြီလို့ သိရပြီး တခြားသူတွေရဲ့ ကံကြမ္မာကို မသိရသေးပါဘူး။
Source-Reuters