Home
မြန်မာသတင်း
လားရှိုးမြို့က အခမဲ့ မုန့်စင်များ
DVB
·
August 27, 2024
Photo Crd-Freedom Youth Volunteers-FYV
Photo Crd-Freedom Youth Volunteers-FYV
Photo Crd-Freedom Youth Volunteers-FYV
Photo Crd-Freedom Youth Volunteers-FYV

တိုက်ပွဲတွေပြီးကာစ လားရှိုးမြို့မှာ အစားအစာလိုအပ်သူတွေ အခမဲ့ယူငင်စားသောက်နိုင်ဖို့ လူငယ်အဖွဲ့တခုက စည်ကားတဲ့နေရာတွေမှာ အစားအစာစင်တွေ ထားပေးနေပါတယ်။

Freedom Youth Volunteers-FYV အဖွဲ့က မြို့ထဲကို စစ်ရှောင်တွေပြန်ဝင်လာပြီးနောက်ပိုင်း ဩဂုတ် ၂၃ ရက်မှာ မုန့်၊ အအေးနဲ့ ရေသန့်တွေပါတဲ့ အစားအစာစင်တွေကို လူစည်ကားတဲ့နေရာတွေမှာ ထားခဲ့တာပါ။

FYV အဖွဲ့ဝင်တယောက်က “ရန်ပုံငွေကို ကျနော်တို့ဆီမှာ ဆန်၊ ဆီ၊ ဆား လာလှူတဲ့အပေါ်မှာ ၂၀ ရာခိုင်နှုန်း ဖြတ်ထားပါတယ်။ Food Box အတွက် ကျနော်တို့ကတော့ ရေရှည်ထားဖို့ စီစဉ်ထားပါတယ်။ အခြေအနေတွေအားလုံး ပုံမှန်ဖြစ်သွားတဲ့ အချိန်အထိပေါ့ဗျာ။ မုန့်တွေက တချို့စင်တွေမှာ ရေတချို့၊ မုန့်တချို့ ကျန်နေပါတယ်ဗျ။ နေ့စဉ် မနက်တိုင်း တခါစီ သွားဖြည့်ပါတယ်ဗျ” လို့ ပြောပါတယ်။

အခမဲ့ယူနိုင်တဲ့ အစားအစာစင်တွေကို ဆေးရုံကြီး၊ ရပ်ကွက် ၁၂ လမ်းမကြီးဘေး၊ ပါရမီလမ်းထိပ်နဲ့ ရပ်ကွက် ၁၀ တို့မှာ ထားတာဖြစ်ပါတယ်။

FYV ဟာ ဒီနေ့မှာလည်း လိုအပ်နေတဲ့ အိမ်ထောင်စု ၅၀၀ အတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥတို့ကို ရပ်ကွက် ၁၂ က ကန်မိန်းကျောင်းမှာ လှူဒါန်းပေးနေပါတယ်။

အဖွဲ့ကို ၂၀၂၁ ခု ဩဂုတ်လ ကိုဗစ်ကာလမှာ စိတ်တူကိုယ်တူလူငယ်တွေနဲ့ စတင်ဖွဲ့စည်းပြီး စေတနာ့ဝန်ထမ်းအလုပ်တွေ လုပ်ခဲ့ကြတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013