Home
အားကစား
အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆင် ကွယ်လွန် 
DVB
·
August 27, 2024
Photo Crd- via REUTERS

အင်္ဂလန်နည်းပြဟောင်း ဆဗန်ဂိုဂန်အဲရစ်ဆင်ကွယ်လွန်သွာတဲ့အပေါ် အင်္ဂလန်ဂန္ထဝင် ကစားသမားတွေက ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။

အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ ဆွီဒင်လူမျိုးနည်းပြဟာ မုန့်ချိုအိတ်ကင်ဆာရောဂါ ဝေဒနာ ခံစားနေရသူဖြစ်ပြီး သြဂုတ် ၂၆ ရက်က ကွယ်လွန်သွားခဲ့တာပါ။

သူဟာ အင်္ဂလန်လက်ရွေးစင်အသင်းကို  ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ တာဝန်ယူကိုင်တွယ် ခဲ့ သူပါ။ 

အဲရစ်ဆင်နဲ့ အတူလက်တွဲခဲ့တဲ့ အင်္ဂလန်ကစားသမားတွေဖြစ်တဲ့  ပေါလ်စခိုး၊ ဘက်ခမ်း၊ ဂျိုကိုးလ်၊ မိုက်ကယ်အိုဝင်၊ စတီဗင်ဂျရတ်၊ ဂယ်ရီနဗီးလ် အစရှိသူတွေက ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ခဲ့ ကြတာပါ။ 

အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားဝင်ကစားခွင့်ရရှိအောင် ရွေးချယ်ပေးခဲ့တဲ့ အဲရစ်ဆင်ကို ကျေးဇူးတင်ရှိပြီး ကောင်းရာမွန်ရာရောက်ရှိပါစေကြောင်း ဂျိုကိုးလ်က ပြောပါတယ်။

အဲရစ်ဆင်ကိုင်တွယ်ခဲ့တဲ့ အင်္ဂလန်အသင်းမှာကစားခွင့်ရခဲ့တာက ဂုဏ်ယူစရာဖြစ်ကြောင်း ပေါလ်စခိုးက ပြောပါတယ်။

တခြားကစားသမားတွေဟာလည်း အဲရစ်ဆင်အပေါ် ဝိုင်းဝန်းဂုဏ်ပြုခဲ့ကြပြီး ကောင်းရာမွန်ရာရောက်ရှိပါစေကြောင်း ဆုတောင်းပေးခဲ့ကြပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013