မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ဒရုန်းစမ်းသပ်မှုကို ကြီးကျပ်ခဲ့ပြီး “ဆူဆိုက်ဒရုန်း” လို့ခေါ်တဲ့ အသေခံဒရုန်းတွေ တိုးထုတ်ဖို့ ညွှန်ကြားခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က မြောက်ကိုရီးယား ကာကွယ်ရေးသိပ္ပံတက္ကသိုလ်ကို သွားရောက်လည်ပတ်ခဲ့တဲ့ သတင်းကို ဩဂုတ် ၂၆ ရက်မှာမှ ထုတ်ပြန်ပေးတာ ဖြစ်ပါတယ်။
ဒရုန်းတွေဟာ ကြိုတင်သတ်မှတ်ထားတဲ့ လမ်းကြောင်းတွေအတိုင်း ပျံသန်းပြီး သတ်မှတ်ပစ်မှတ်တွေကို ရှာဖွေ၊ ဖျက်ဆီးပြနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကင်မ်က ခြေလျင်တပ်ရင်းတွေနဲ့ အထူးစစ်ဆင်ရေးယူနစ်တွေမှာ အသုံးပြုဖို့ ရေအောက် ဆူဆိုက်ဒရုန်းတွေ အပါအဝင် ဆူဆိုက်ဒရုန်းတွေ တိုးထုတ်ဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။
မဟာဗျူဟာကျတဲ့ ထောက်လှမ်းရေးနဲ့ ဘက်စုံသုံး တိုက်ခိုက်ရေးဒရုန်းတွေ အပြင် အသေခံဒရုန်းတွေကိုပါ အလေးထားလာတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားဟာ အရင်က တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တွေနဲ့ နျူးကလီးယား လက်နက်တွေကို အာရုံစိုက်ခဲ့ပေမဲ့ အခုအခါ တာတိုပစ်ဒုံးကျည်တွေ၊ လက်နက်ကြီးတွေ အပါအဝင် တာတိုစစ်ဆင်ရေးစွမ်းရည်ကို ဦးစားပေး တိုးမြှင့်လာခဲ့တာ ဖြစ်ပါတယ်။
Source-Reuters