Home
နိုင်ငံတကာ
ဒေါ်နယ်ထရမ့်ပ်က ယူကရိန်းကို ထောက်ခံဟု သမ္မတ ဇလန်းစကီး ပြော
DVB
·
August 26, 2024
Photo-Reuters

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ်က ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ စကားပြောရာမှာ ယူကရိန်းကို ထောက်ခံတဲ့အနေနဲ့ အချက်ပြခဲ့တယ်လို့ ယူကရိန်းသမ္မတက သြဂုတ် ၂၅ ရက်မှာ ထုတ်ပြန်တဲ့ အင်တာဗျူးတခုအတွင်း အိန္ဒိယ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ရုရှားနဲ့စစ်ပွဲကို ရပ်ချင်တယ်လို့လည်း ထရမ့်ပ်က ဇလန်းစကီးကို ပြောခဲ့တယ်လို့ သူက ထပ်လောင်းပြောခဲ့ပါတယ်။

ဒုတိယအကြိမ် ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပမယ့်နိုင်ငံအဖြစ် အိန္ဒိယနိုင်ငံကို ထောက်ခံမယ်လို့ သူက အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာ မိုဒီကို ပြောခဲ့တယ်လို့လည်း ယူကရိန်းသမ္မတက ပြောပါတယ်။

ရီပတ်ဘလီကန်သမ္မတလောင်း ထရမ့်ပ်ဟာ နိုဝင်ဘာ ၅ ရက် အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် လက်ရှိဒုသမ္မတ ကမ်မလာ ဟားရစ်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ထရမ့်ပ်ဟာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ကနေ အမေရိကန် နုတ်ထွက်မယ်လို့ ခြိမ်းခြောက်ခဲ့ဖူးပြီး NATO အဖွဲ့ဝင် နိုင်ငံတွေထဲက ကာကွယ်ရေးဘတ်ဂျက် မတိုးတဲ့ မဟာမိတ်တွေအတွက် ခုခံကာကွယ်ပေးမှာ မဟုတ်ဘူးလို့လည်း ပြောခဲ့ဖူးပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013