ကနေဒါမီးရထားလိုင်းများ ပိတ်ထားခြင်းကြောင့် အနောက်နိုင်ငံတွေကို ပို့ဆောင်မယ့် ဂျုံ၊ စပါး တင်ပို့မှုလုပ်ငန်းတွေ နောက်ကျဖွယ်ရှိပါတယ်။
အစိုးရက နိုင်ငံရဲ့အကြီးဆုံးဖြစ်တဲ့ ရထားကုမ္ပဏီ ၂ ခုနဲ့ အလုပ်သမားကြားပြဿနာကို အဆုံးသတ် ခဲ့ပေမဲ့ ဂျုံ၊ စပါးတင်ပို့မှုလုပ်ငန်းတွေ နောက်ကျဖွယ်ရှိတယ်လို့ ကုန်သည်တွေနဲ့ လေ့လာသူတွေက ဆိုပါတယ်။
ကနေဒါနိုင်ငံက ရထားတွေ မထွက်တာကြောင့် ဆိပ်ကမ်းမှာ ကုန်ပစ္စည်းတင်သင်္ဘော အစီး ၂၀ ကျော် သောင်တင်နေတယ်လို့ သင်္ဘောကုမ္ပဏီနဲ့ အစိုးရအဖွဲ့ရဲ့ အချက်အလက် တွေက ဖော်ပြ ပါတယ်။
ကနေဒါနိုင်ငံမှာ မုန့်ညှင်းစေ့တင်ပို့မှုက ကမ္ဘာပေါ်မှာ အများဆုံးဖြစ်ပြီး ဂျုံတင်ပို့မှုကလည်း နံပါတ် ၃ နေရာမှာ ရှိတာတွေ့ရပါတယ်။
သင်္ဘောတွေက ကုန်ပစ္စည်းတင်ပို့မှုကို စောင့်ဆိုင်းနေရမယ်ဆိုရင် ၁ ရက်ကို ဒေါ်လာ ၁၀၀၀၀ ကုန်ကျတယ်လို့လည်း ဆိုပါတယ်။
ကနေဒါမီးရထားလုပ်သားတွေဟာ သောကြာနေ့မှာ အလုပ်ပြန် ဆင်းပြီဖြစ်ပေမဲ့ လာမယ့် တနင်္ဂလာနေ့မှာ ဆန္ဒပြမှုဆွေ ဆက်လုပ်မယ်လို့ အလုပ်သမားအဖွဲ့က ဆိုပါတယ်။
မုန့်ညှင်းစေ့များစုက တရုတ်နိုင်ငံကို သွားတာဖြစ်ပြီး ဂျုံတွေကတော့ အာရှ၊ တောင်အမေရိကနဲ့ အာဖရိကနိုင်ငံတွေကို ပို့ဆောင်တာဖြစ်ပါတယ်။
ဩဂုတ် ၁၁ ရက် ပို့ဆောင်ခဲ့မှုကိုကြည့်ရင် မုန့်ညှင်းတန် ၂၁၇၅၀၀ ရှိပြီး ဂျုံက တန်ချိန် ၂၁၆၁၀၀ ရှိတယ်လို့ ကနေဒါ အခြေစိုက်သတင်းတွေက ဖော်ပြပါတယ်။
အလုပ်သမားအစည်းအရုံးမှာပါဝင်တဲ့ အလုပ်သမား ၉၀၀၀ ကျော်ကို အလုပ်ဆင်းခွင့် မပြုခဲ့တာကြောင့် ကြာသပတေးနေ့က အွန်တာရီယိုရှိ ဘူတာရုံမှာ ရာနဲ့ချီတဲ့ ရထားတွေ ဆိုက်ကပ်ထားတာတွေ့ရပါတယ်။
ကနေဒါအမျိုးသားရထားကုမ္ပဏီနဲ့ ပစိဖစ်ကန်ဆက်ကုမ္ပဏီ ၂ ခုတို့ဟာ အလုပ်သမားသပိတ်နဲ့ ပတ်သက်ပြီး အချင်းချင်း ပြစ်တင်မှုတွေပြလုပ်ခဲ့ကြပါတယ်။
ကနေဒါနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယအကြီးဆုံး နိုင်ငံဖြစ်ပြီး ရထားပို့ဆောင်ရေးလုပ်ငန်းက အဓိက ကျတဲ့ ပို့ဆောင်ရေးလမ်း ကြောင်း ဖြစ်ပါတယ်။
ရထားပို့ဆောင်ရေး လုပ်ငန်းကနေ ၁ နှစ်ကို ဒေါ်လာ ၂၇၇ ဘီလီယံအထိ အကျိုးအမြတ် ရှိတယ်လို့လည်း ဆိုပါတယ်။
Photo-Reuters