ဘာစီလိုနာကနေ ထွက်ခွါခဲ့တာက အသင်းရဲ့ဘဏ္ဍာရေးအခြေအနေကို ကူညီနိုင်လိမ့်မယ်လို့ ကွင်းလယ်ကစားသမား ဂွမ်ဒိုဂမ်က ပြောပါတယ်။
ဂျာမန်ကွင်းလယ်ကစားသမားဟာ ဘာစီလိုနာမှာ မနှစ်ကတရာသီပဲ ကစားခဲ့ပြီးနောက် အသင်းဟောင်း မန်စီးတီးအသင်းဆီပြန်လည်ပြောင်းရွှေ့ လာခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ အမြဲတမ်းကစားချင်တဲ့အသင်းဖြစ်ပေမဲ့ ခက်ခဲတဲ့ အခြေအနေ တစ်ခုနဲ့ရင်ဆိုင်ခဲ့ရတာကြောင့် အသင်းပြောင်းရွှေ့ခဲ့တာဖြစ်ကြောင်း၊ အသင်းကနေထွက်ခွါလာမှုဟာ ဘဏ္ဍာရေးအခြေအနေကို ကူညီနိုင်မှာဖြစ်ကြောင်း ဘာစီလိုနာပရိသတ်တွေဆီ နှုတ်ဆက်စာထဲမှာ ဂွမ်ဒိုဂမ်က ထည့်သွင်းရေးသားခဲ့ပါတယ်။
အသက် ၃၃ နှစ်ရှိ ဂွမ်ဒိုဂမ်ဟာ မနှစ်ကရာသီက ဘာစီလိုနာအတွက် ၅၁ ပွဲကစားခဲ့ပြီး ၅ ဂိုးသွင်း ၁၄ ကြိမ်ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
ဂွမ်ဒိုဂမ်ဟာ မန်စီးတီးမှာ ကျောနံပါတ် ၁၉ ဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။
Photo-Reuters