ထိုင်းနိုင်ငံအလယ်ပိုင်း၊ ချချိန်းဆောဝ်းခရိုင်၊ ဘန်ပကုံးမြို့နယ်ထဲမှာ ဩဂုတ် ၂၂ ရက် ဒီညနေ ၃ နာရီဝန်းကျင်က လေယာဉ်ငယ် တစီး ပျက်ကျသွားတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။
ညနေ ၃ နာရီ ၁၀ မိနစ်ကျော်က လေယာဉ်ငယ် တစီးဟာ မြေပြင်ကို ဦးစိုက်ဆင်း သွားတာတွေ့ပြီး ခဏအကြာ ကျယ်လောင်တဲ့ပေါက်ကွဲသံကို ကြားရတယ်လို့ မျက်မြင်တွေက သတင်းထောက်ကို ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေရောက်ရှိသွားချိန် အဆိုပါလေယာဉ်ဟာ ခေါင်ဒင်ဘုန်းကြီး ကျောင်းအနောက်ဘက် တောအုပ်ထဲက ရွှံနွံတွေထဲကျသွားတာတွေ့ကြောင်း၊ လေယာဉ်ရဲ့ အစိပ်အပိုင်းတွေဟာလည်း အဲဒီအနီးတဝိုက်မှာ ပြန့်ကြဲနေတယ်၊ သေဆုံးဒဏ်ရာရသူတွေကို ဆက်လက်ရှာဖွေနေတယ်၊ ရွှံ့နွံထဲမှာ နိုင်ငံခြားသူ အမျိုးသမီး ၃ ဦးဓာတ်ပုံနဲ့ အမျိုးသမီး အဝတ်အစား ၊ ကလေးအသုံးအဆောင်တွေပါ တွေ့ရတယ်လို့ ဆိုပါတယ်။
Thai PBS သတင်းမှာတော့ အဆိုပါလေယာဉ်ပေါ်မှာ လေယာဉ်မှူး ၂ ဦးနဲ့ လိုက်ပါစီးနင်းသူ ၇ ဦး စုစုပေါင်း ၉ ဦးပါရှိကြောင်း၊ Thai Flying Service Co.ltd ကုမ္ပဏီမှ Cessna caravan C208 အမျိုးအစားလေယာဉ်ဖြစ်ပြီး ခရီးစဉ်အမှတ် TFT209 ဖြစ်တယ် ၊ သုဝဏ္ဏဘုမိလေဆိပ်မှ မွန်းလွဲ ၂ နာရီ ၄၆ မိနစ်မှာ တရတ်ခရိုင် မိုက်ချိကျွန်းသို့ဦးတည်ပျံသန်းသွားတာလို့ ဖော်ပြထားပါတယ်။
ထိုင်းစံတော်ချိန် ညနေ ၅ နာရီခွဲထိ လေယာဉ်ထဲက ပျောက်ဆုံးသူတွေ ဆက်လက်ရှာ ဖွေနေဆဲ ဖြစ်ပါတယ် ။
Source- Thairath / ThaiPBS