ဘင်္ဂလားဒေ့ရှ် အရှေ့ပိုင်းဒေသမှာ မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် အနည်းဆုံး လူ ၂ သိန်း ထိခိုက်ခဲ့တဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
သြဂုတ် ၂၀ ရက်က ဗီဒီယိုမှာ ကွန်မီလာနဲ့ ဖယ်နီ ခရိုင်တွေမှာ ရေလွှမ်းမိုးမှုအတွင်း နစ်မြုပ်သွားတဲ့ ဧရိယာတွေကို မြင်တွေ့ရပါတယ်။
ဖယ်နီခရိုင်မှာ ဒေသခံတွေဟာ သူတို့ပိုင် ပစ္စည်းတွေနဲ့အတူ လှေတွေ၊ တခြား ယာယီသယ်ယူပို့ဆောင်ရေးတွေနဲ့ ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်ကြရပါတယ်။
ဖယ်နီ တမြို့တည်းမှာပဲ မိုးရေချိန် ၁၈၆ မီလီမီတာ ရွာသွန်းပြီး အိမ်နီးချင်း ပါရာရှုရမ် မြို့မှာတော့ ၃၀၀ မီလီမီတာ ရွာသွန်းခဲ့ကြောင်း ဒေသခံ မိုးလေဝသရုံးက ပြောကြားခဲ့ပါတယ်။
Source-Reuters