Home
နိုင်ငံတကာ
တရုတ်တွင် တိုင်ဖုန်းမုန်တိုင်းကြောင့် ရေကြီး
DVB
·
August 21, 2024
Photo - Reuters

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်မှာ အရင်ရက်တွေအတွင်း မိုးသည်းထန်ခဲ့လို့ ဒေသ နေရာအနှံ့ ရေကြီးနေပါတယ်။

ရေအရင်းအမြစ် ဝန်ကြီးဌာနက အဆင့် ၄ အရေးပေါ်တုံ့ပြန်မှုကို စတင်ဆောင်ရွက်နေပြီး အကျပ်အတည်းကို စီမံခန့်ခွဲရာမှာ ကူညီဖို့ နောက်ထပ်အဖွဲ့တွေ စေလွှတ်ခဲ့ရပါတယ်။

တနင်္ဂနွေညကနေ အင်္ဂါနေ့ မနက်အထိ ကျန်းချန်မြို့နယ် အပါအဝင် ပြည်နယ်အနောက်ဘက် အစိတ်အပိုင်းတွေ အထူးထိခိုက်ခဲ့ပြီး တချို့နေရာတွေမှာ ထူးထူးခြားခြား မိုးသည်းလို့ ဆက်သွယ်ရေး ယာယီပြတ်တောက်ခဲ့ပါတယ်။

တာ့လျန်မြို့ ပူလန်ဒီယံ ခရိုင်မှာ တနင်္လာနေ့ မနက်ကနေ အင်္ဂါနေ့ မွန်းတည့်အထိ မိုးရေချိန် ၂၂၀ မီလီမီတာကျော် ရွာသွန်းခဲ့ပြီး မြေနိမ့်ပိုင်းဒေသတွေမှာ ဆိုးဆိုးရွားရွား ရေကြီးခဲ့ပါတယ်။

ဒေသန္တရ အာဏာပိုင်တွေက ရေပမာဏကို ထိန်းချုပ်ဖို့နဲ့ ပျက်စီးမှုအနည်းဆုံးဖြစ်အောင် ၂၄ နာရီပတ်လုံး လုပ်ဆောင်နေပါတယ်။

မိုးကြီးလို့ ပူလန်ဒီယံမှာ နေထိုင်သူ အယောက် ၃၀ ကျော် ပိတ်မိခဲ့ပြီးနောက်ပိုင်း ကယ်ဆယ်ရေးသမားတွေက ဘေးကင်းရာ ရွှေ့ပေးခဲ့ရပါတယ်။

လျောင်နင်းပြည်နယ် ကျောက်ယန်မြို့ဟာ အပြင်းထန်ဆုံး မိုးရွာမှုကို ကြုံတွေ့ရပြီး တချို့နေရာတွေမှာ မိုးရေချိန် မီလီမီတာ ၂၄၀ ကျော် ရှိခဲ့ပါတယ်။

အတွင်းမွန်ဂိုလီးယားပြည်နယ် အောင်ဟန် ဘန်းန နယ်မြေမှာ ၃ နာရီအတွင်း မိုးရေချိန် ၁၀၀ မီလီမီတာကျော် ရွာခဲ့လို့ အဆင့် ၄ ဆင့် သတိပေးချက်ထဲမှာ အမြင့်ဆုံးဖြစ်တဲ့ အနီရောင်သတိပေးချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

ကျန်စုပြည်နယ် ယန်ကျိုးမြို့မှာ အင်္ဂါနေ့ မွန်းလွဲပိုင်းအထိ ၂၄ နာရီအတွင်း မိုးရေချိန် ၂၃၆ ဒသမ ၉ မီလီမီတာ ရွာသွန်းခဲ့ပြီး မြို့ပြရေကြီးမှု ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပါတယ်။

ဒေသန္တရအစိုးရက အရေးပေါ်အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ စတင် ဆောင်ရွက်နေပါပြီ။

တိုင်ဖွန်းမုန်တိုင်း ဂျွန်ဒါရီကြောင့် ဖှုကျန်းပြည်နယ် ကျန်းကျိုးမြို့က ရှုခင်းသာ ဧရိယာမှာ ရုတ်တရက် ရေကြီးခဲ့ပြီး နာမည်ကြီး ခရီးသွားလုပ်ငန်း ဆွဲဆောင်ရာ နေရာတွေကို ယာယီပိတ်ထားခဲ့ရပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013