ရုရှားမြို့တော် မော်စကိုကို အလည်အပတ် ရောက်လာတဲ့ တရုတ်ဝန်ကြီးချုပ် လီချန်ကို ရုရှားဝန်ကြီးချုပ် မီခေးလ် မစ်ရှုစတင်က ဩဂုတ် ၂၁ ရက်မှာ တွေ့ဆုံနှုတ်ဆက်ပါတယ်။
မစ်ရှုစတင်နဲ့ လီချန်တို့ဟာ အပြန်အလှန် ဆက်ဆံရေးကို ဆွေးနွေးပြီး ၂ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးအပေါ် အမြင်တွေကို ဖလှယ်ကြဖို့ မျှော်လင့်ထားပါတယ်။
ကြီးထွားလာနေတဲ့ ရုရှား-မြောက်ကိုရီးယား ဆက်ဆံရေးထက် တောင်ကိုရီးယားနဲ့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) တို့ကြား ဆက်ဆံရေးက ပိုမြန်မြန် နီးကပ်လာနိုင်တယ်လို့ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျုက ဩဂုတ် ၂၀ ရက်မှာ ကောက်နုတ် ဖော်ပြထားပါတယ်။
တောင်ကိုရီးယားအစိုးရအတွက် NATO ဟာ ဝေးကွာတဲ့ မိတ်ဆွေအဖြစ်ကနေ ဗျူဟာမြောက် မိတ်ဖက်တွေ ဖြစ်လာတာ အချိန်ကြာနေပြီဖြစ်ပြီး ယူကရိန်းအပေါ် ရုရှားရဲ့စစ်ပွဲ၊ တရုတ်က ကမ္ဘာ့ဇာတ်ခုံမှာ နေရာမြင့်လာတာနဲ့ တောင်ကိုရီးယားအစိုးရရဲ့ ပိုမိုခိုင်မာတဲ့ ကမ္ဘာလုံးဆိုင်ရာ အနေအထားတွေက တင်းမာတဲ့ ဆက်ဆံရေးဆီကို တွန်းအားပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
လီချန်ဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်း ကရင်မလင်နန်းတော်မှာ ဆွေးနွေးဖို့ မျှော်လင့်ထားပါတယ်။
လီချန်ဟာ ဩဂုတ် ၂၀ မှာ မော်စကိုမြို့တော်ကို ၃ ရက်ကြာ အလည်အပတ်ခရီးစဉ်နဲ့ ရောက်လာတာဖြစ်ပြီး ဘီလာရုစ်နိုင်ငံကို ဩဂုတ် ၂၃ ရက်မှာ ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။
Source-Reuters