မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရရှိဖို့ တိုက်ပွဲဝင်သွားရမယ်လို့ နောက်ခံလူ မက်ဂွဲယားက ပြောပါတယ်။
အခုနှစ်ရာသီမှာ ဟော်လန်နောက်ခံလူ ဒီလစ်နဲ့ ပြင်သစ်နောက်ခံလူ ရိုယိုတို့ ပြောင်းရွှေ့လာပြီးနောက် ပွဲထွက်ခွင့် တနေရာအတွက် တိုက်ပွဲဝင်သွားရမယ်လို့ မက်ဂွဲယားက ပြောခဲ့တာပါ။
အခုနှစ်ရာသီမှာ ပွဲစဉ်တွေအများကြီး ယှဉ်ပြိုင်ရဖို့ ရှိတာကြောင့် အသင်းရဲ့ ပွဲထွက်လူစာရင်းဟာလည်း အပြောင်းအလဲ အများကြီးရှိနိုင်ကြောင်း မက်ဂွဲယားက ပြောပါတယ်။
ပွဲထွက်ခွင့်ရဖို့က ကိုယ့်ကိုယ်ကိုအပေါ်မှာပဲမူတည်ပြီး ရရှိတဲ့အခွင့်အရေးကို အသုံးချနိုင်ဖို့သာ လိုအပ်ကြောင်း၊ အသင်းအတွက် ကစားသမားစာရင်း တောင့်တင်းဖို့လည်း လိုအပ်တယ်လို့ မက်ဂွဲယားက ပြောပါတယ်။