မန်ယူနောက်ခံလူ မက်ဂွဲယားအပေါ် ဝေဖန်ခဲ့မှုအတွက် ပြန်လည်တောင်းပန်ခဲ့ကြောင်း မန်ယူ ကွင်းလယ်ကစားသမားဟောင်း ရွိုင်ကိန်းက ဝန်ခံပြောကြားလိုက်ပါတယ်။
ရွိုင်ကိန်းဟာ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် စကိုင်းစပေါ့မှာ တင်ဆက်ခဲ့ပြီး ဟယ်ရီမက်ဂွဲယားခြေစွမ်း ကျဆင်းချိန်မှာ အပြင်းအထန် ဝေဖန်ခဲ့တာပါ။
မက်ဂွဲယားဟာ ပြီးခဲ့တဲ့ရာသီမှာတော့ စွမ်းဆောင်ရည်ကောင်းမွန်လာခဲ့ပြီး ဒဏ်ရာပြဿနာတွေကြောင့်သာ အင်္ဂလန်လူစာရင်းမှာမပါဝင်နိုင်ခဲ့တာပါ။
မန်ယူနိုက်တက်ပွဲစဉ်အများစုကို သုံးသပ်ရတာဖြစ်တဲ့အတွက် မက်ဂွဲယားရဲ့ စွမ်းဆောင်ရည်အပေါ် အများကြီးဝေဖန် ပြောဆိုခဲ့ကြောင်း၊ ဘောင်ကျော်သွားတဲ့အထိ ဝေဖန်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့လပိုင်းက မက်ဂွဲယားနဲ့ တွေ့ဆုံချိန်မှာ ပြန်တောင်းပန်ခဲ့ကြောင်း ရွိုင်ကိန်းက ပြောပါတယ်။
ဘောလုံးကျွမ်းကျင်သူတွေအနေနဲ့ တခါတရံမှားယွင်းတတ်ပေမဲ့ ထောက်ပြရတဲ့အချက်တွေ ရှိလာတဲ့အခါမှာ ဘောင်ကျော်သွားတဲ့အထိ ဖြစ်သွားတက်ကြောင်းရွိုင်ကိန်းက ပြောသွားပါတယ်။