ခြေစွမ်းကောင်းမွန်အောင် ပြန်လည်လုပ်ဆောင်နိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူကြောင်း မန်ယူနောက်ခံလူ မက်ဂွဲယားက ပြောပါတယ်။
မက်ဂွဲယားဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ခြေစွမ်းကျဆင်းခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပြီး အသင်းခေါင်းဆောင်လက်ပတ်ပါ ပြန်အပ်ခဲ့ရတာပါ။
ဝက်စ်ဟမ်းအသင်းဆီကို ပေါင်သန်း ၃၀ နဲ့ ရောင်းချဖို့ မန်ယူအသင်းဘက်က သဘောတူညီခဲ့ပေမဲ့ မက်ဂွဲယားက ငြင်းဆန်ပြီး အသင်းမှာဆက်လက်တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
နည်းပြ ရတ်ဖ်ရင်းနစ်ခ် လက်ထက်မှာ အသင်းက စီစဉ်ထားသလိုဖြစ်မလာခဲ့သလို အသင်းခေါင်းဆောင် တဦးဖြစ်တဲ့အတွက် ပိုမိုဝေဖန်ခံခဲ့ရကြောင်း မက်ဂွဲယားက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ မိမိကိုယ်ကို ယုံကြည်မှုပိုရှိလာပြီး ခြေစွမ်းကောင်း မွန်အောင် ပြန်လည် လုပ်ဆောင်နိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူမိကြောင်း မက်ဂွဲယားက ပြောသွားပါတယ်။
Photo-Reuters