ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ သမီးဖြစ်သူ ဖဲထောင်းထန်း ရှင်နာဝပ်ကို ထိုင်းနိုင်ငံရဲ့ ၃၁ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
ဩဂုတ် ၁၆ ရက် ထိုင်းပါလီမန်မှာ ဖဲထောင်းထန်း ရှင်နာဝပ်ကို ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာပါတယ်။
ဒါ့အပြင် ဖဲထောင်းထန်း ရှင်နာဝပ်ဟာ အဒေါ်ဖြစ်သူ ယင်လတ်ရှင်နာဝပ် နောက်ပိုင်း ထိုင်းနိုင်ငံရဲ့ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်လည်း ဖြစ်လာပါတယ်။
ဝန်ကြီးချုပ် ထဝီးဆင်ကို ရာထူးကနေ ဖယ်ရှားပြီး ၂ ရက်အကြာမှာ ဖွေ့ထိုင်းပါတီက အသက် ၃၇ နှစ်အရွယ်ရှိ ဖဲထောင်းထန်း ရှင်နာဝပ်ကို အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဖြစ်လာတဲ့ ဖဲထောင်းထန်းဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးနဲ့ ဖွေ့ထိုင်းပါတီ လူကြိုက်များမှု လျော့ကျလာတာကို ချက်ချင်းရင်ဆိုင်ရဖွယ် ရှိပါတယ်။
ဒါ့အပြင် ထုတ်ပယ်ခံရတဲ့ ဝန်ကြီးချုပ်ဟောင်း ဆေထာ ထဝီးဆင် လက်ထက်က စီစဉ်ခဲ့တဲ့ ထိုင်းနိုင်ငံသားတွေကို ဘတ်ဘီလီယံ ၅၀၀ ပေးအပ်မယ့် အစီအစဉ်ကိုလည်း အကောင်အထည်ဖော်ရဖွယ် ရှိပါတယ်။
Source-Reuters