ဂျပန်က တောင်ကိုရီးယားကို ကျူးကျော်တဲ့ စစ်အတွင်း လိင်ကျွန်ပြုမှုခံခဲ့ရသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဩဂုတ် ၁၄ ရက်က တောင်ကိုရီးယားမှာ ဆန္ဒပြပွဲတွေ လုပ်ခဲ့ပါတယ်။
လွတ်မြောက်လာသူတဦးက ပထမဆုံး သက်သေခံခဲ့တာ ၃၃ နှစ်မြောက် အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။
ကွယ်လွန်သူ ကင်မ်ဟက်ဆွန်းဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်ရဲ့ လိင်ကျွန်အဖြစ် အတင်းအကျပ် ခိုင်းစေခံရတဲ့ အတွေ့အကြုံကို ၁၉၉၁ ခုနှစ် သြဂုတ် ၁၄ ရက်မှာ ပထမဆုံး လူသိရှင်ကြား ပြန်ပြောပြခဲ့သူပါ။
သူ့ရဲ့ သက်သေခံချက်ဟာ ဂျပန်နိုင်ငံရဲ့ စစ်အတွင်း ကျူးလွန်မှုတွေကို ဖော်ထုတ်ပြသရုံသာမက တခြား အသက်ရှင် ကျန်ရစ်သူတွေကိုပါ သူတို့ရဲ့ ဇာတ်လမ်းတွေကို မျှဝေဖို့ အားပေးခဲ့ပါတယ်။
ဒီလို အချက်အချာကျတဲ့ အခိုက်အတန့်ကို အသိအမှတ်ပြုတဲ့အနေနဲ့ တောင်ကိုရီးယားအစိုးရ (ROK) က သြဂုတ် ၁၄ ရက်နေ့ကို ၂၀၁၈ ခုနှစ် နိုင်ငံတကာ အမျိုးသမီးများအတွက် နှစ်သိမ့်မှုနေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။
ကိုရီးယားကျွန်းဆွယ်က အမျိုးသမီး အများအပြား အပါအဝင် အာရှအမျိုးသမီး ထောင်ပေါင်းများစွာဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်အတွက် လိင်ကျေးကျွန်အဖြစ် ခိုင်းစေခံခဲ့ရပါတယ်။
ဇိမ်မယ်လို့ အခေါ်ခံရသူတွေဟာ ပြန်ပေးဆွဲခံရရင်း ဒါမှမဟုတ် အတင်းအကျပ် လိင်ကျွန်အဖြစ် အလွဲသုံးစားခံခဲ့ရပါတယ်။
အခုနှစ်မှာ ဆန္ဒပြသူတွေဟာ ဂျပန်နိုင်ငံရဲ့ စစ်အတွင်း လိင်ကျွန်ပြုမှုဒဏ် ခံရသူတွေအတွက် အောက်မေ့ဖွယ် အမှတ်အသားဖြစ်တဲ့ ငြိမ်းချမ်းရေးရုပ်တုအနီး၊ ဆိုးလ်မြို့က ဂျပန်သံရုံးရှေ့မှာ စုဝေးခဲ့ကြပါတယ်။
တောင်ကိုရီးယားအစိုးရ ကိန်းဂဏန်းတွေအရ ဂျပန်ကျူးကျော်စစ်မှာ လိင်ကျွန်အဖြစ် အသုံးချခံရပြီး ရှင်သန်ကျန်ရစ်သူ ၉ ဦးသာ ကျန်ရှိပါတယ်။
ဒီနေ့ဟာ အောက်မေ့ခြင်းအတွက်သာမက တရားမျှတမှုကို ရှာဖွေခြင်းနဲ့ ဂျပန်အစိုးရဆီက တရားဝင်တောင်းပန်ခြင်းကိုလည်း ကိုယ်စားပြုပါတယ်။
အသက်ရှင်ကျန်ရစ်သူ အများအပြားကတော့ ဂျပန်နိုင်ငံဟာ သူတို့ရဲ့ဒုက္ခကို အပြည့်အဝ အသိအမှတ် မပြုသေးဘူးလို့ ခံစားနေရဆဲ ဖြစ်ပါတယ်။
Source-Reuters