ရုရှားနိုင်ငံမှာ အမေရိကန်နိုင်ငံသားတဦး ဖမ်းဆီးခံထားရတဲ့ သတင်းတွေကို အမေရိကန် ပြည်ထောင်စုက သိရှိပြီး တတ်နိုင်သမျှ သတင်းအချက်အလက် ရယူဖို့ လုပ်ဆောင်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ် ၁၄ ရက်မှာ ပြောပါတယ်။
မော်စကိုတရားရုံးက အမေရိကန်နိုင်ငံသား ဂျိုးဇက်တာတာကို ပြောင်ပြောင်တင်းတင်း လိမ်ညာမှုနဲ့ ဗုဒ္ဓဟူးနေ့မှာ ထောင်ဒဏ် ၁၅ ရက် ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ မြို့တော်တရားရုံးတွေကို စောင့်ကြည့်နေတဲ့ Telegram ရုပ်သံလိုင်းက ဖော်ပြထားပါတယ်။
ဂျိုးဇက်တာတာဟာ ရဲအရာရှိတဦးကို နှိပ်စက်ညှဉ်းပန်းပြီးတဲ့နောက် ရက်စက်ကြမ်းကြုတ်မှုနဲ့ သြဂုတ် ၁၂ ရက်က ဖမ်းဆီးခံခဲ့ရပြီး သီးခြားရာဇဝတ်မှုတခုနဲ့ အမှုဖွင့်ခံထားရတယ်လို့ ရုရှားသတင်းအေဂျင်စီ Interfax က အရင်က ဖော်ပြခဲ့ပါတယ်။
Source-Reuters