Home
မြန်မာသတင်း
မုံရွာတွင် စစ်တပ်လက်နက်ကြီးကြောင့် ပြည်သူ ၁၀ ဦးသေဆုံး၊ ၁၁ ဦး ပြင်းထန်ဒဏ်ရာရ
DVB
·
August 13, 2024
မုံရွာမြို့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတောကျေးရွာနဲ့ အောင်သာရွာမှာ စစ်ကောင်စီတပ်ဖွဲ့က ဩဂုတ် ၁၃ ရက် မနက် ၁၁ နာရီနဲ့ ညနေ ၄ နာရီလောက်မှာ လက်နက်ကြီးရဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ပြညသူ ၁၀ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာမြိုနယ် မအူရွာအနီး မုံရွာတောင်အထွက် မုခ်ပေါက်မှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်သားတွေ က ပစ်ခတ်တာလို့ ဒေသခံတဦးက ပြောပါတယ်။ 

“ကျနော်တို့ ထနောင်းတောရွာက မနက်ခင်း ဈေးရှိတယ်။ ဈေးမှာ လူစီနေတဲ့အချိန်ကို ပစ်တာ။ ဈေးဆိုတော့ အနီးပတ်ဝန်းကျင်က လာရောင်းချတဲ့ ဈေးသည်တွေ၊ ဈေးဝယ်တွေ အစုံရှိတာပေါ့။ ဘယ်ရွာက ဘယ်သူဆိုတာတော့ အတိအကျမသိဘူး။ သေဆုံးတာက နေရာတင် ၉ ဦး သေဆုံးတယ်၊ ဆေးရုံရောက်မှ တဦး ထပ်မံ သေဆုံးတယ်။ ၁၁ ဦးကတော့ ဒဏ်ရာပြင်ထန်ရတယ်ဗျ။ မုံရွာက စစ်တပ်နဲ့လည်းနီးနေတော့ သေဆုံး၊ ဒဏ်ရာရသူတွေရဲ့ လုံခြုံရေးနဲ့ မိသားစုဝင်တွေရဲ့ လုံခြုံရေးအရ အသေးစိတ်ကို ပြောမပြတော့ဘူး။” 

တိုက်ပွဲမဖြစ်ပွားဘဲ စစ်တပ်ဘက်က  ပစ်ခတ်တာလို့လည်း ဒေသခံ နောက်တဦးက ပြောပါတယ်။

“ကျနော်တို့ အောင်သာရွာကိုတော့ ညနေ ၄ နာရီကနေ ပစ်ခတ်တာဗျ။ ပြည်သူအမျိုးသားတဦး နေရာတင် သေဆုံးတယ်။ တဦး ဒဏ်ရာပြင်းထန်ရတယ်ဗျ။ ဒဏ်ရာရရှိတဲ့သူကတော့ ဆေးရုံ ပို့ပေးနေပါတယ်။”

စစ်တပ်ဘက်က အဆိုပါကျေးရွာ ၂ ရွာကို ၈၁ မမ လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

မုံရွာပကဖ ဒုတာဝန်ခံက “အကြောင်းမဲ့ကို ပြည်သူတွေရှိတဲ့နေရာကို ပစ်ခတ်တာ။ ကျနော်တို့ဆီ တော့ အဲသတင်း ရောက်နေပြီဗျ။ အသေးစိတ်ကိုတော့ စိစစ်နေတယ်ဗျ။ အတိအကျ စာရင်းရောက်ရင် ပို့ပေးထားလိုက်ပါမယ်” လို့ ပြောပါတယ်။

ဩဂုတ် ၁၂ ရက် မနက်ကလည်း မအူစစ်ဆေးရေးဂိတ်ကနေ မုံရွာတောင်နယ်ဘက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ အခုလိုပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့သလို ၉ ဦး ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024