အစ္စရေးတပ်ဖွဲ့တွေဟာ တတိယမြောက်စစ်ဆင်ရေးကို အောက်တိုဘာလမှာစပြီး တိုက်ခိုက်နေလို့ ခန်းယူးနစ်မြို့မှာ နေထိုင်သူတွေ ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ ဩဂုတ် ၁၁ ရက်မှာ အမိန့်အသစ် ထုတ်ပြန်ခဲ့ပါတယ်။
ရွှေ့ပြောင်း ပါလက်စတိုင်းတွေကို ဂါဇာကမ်းမြောင်တောင်ဘက်ခြမ်းဆီကို ပြန်ခွင့်ပြုပြီး ရက်ပိုင်းအကြာမှာ အခုလို အမိန့်ထွက်လာတာပါ။
ဂါဇာမြို့တော်က စာသင်ကျောင်းတဖြစ်လည်း ခိုလှုံရေးစခန်းကို အစ္စရေးက တိုက်ခိုက်လို့ ကျန်ရစ်သူတွေ၊ ဆေးဘက်ဝန်ထမ်းတွေနဲ့ ကယ်ဆယ်ရေးသမားတွေက သေဆုံးသူတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စုဆောင်း ကောက်ယူခဲ့ရပါတယ်။
လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့တဲ့ ဗုံးကြဲမှုကို ကမ္ဘာ့ခေါင်းဆောင်တွေက ရှုတ်ချခဲ့ပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေခဲ့ကြပါတယ်။
အီရန်မြို့တော် တီဟီရန်မှာ ဟားမတ်စ်ခေါင်းဆောင် အစ္စမေးလ်ဟာနီယေး လုပ်ကြံခံရမှုနဲ့ လက်ဘနွန် မြို့တော်ဘေရွတ်က ဟစ်ဇ်ဘိုလာ ခေါင်းဆောင် ဖူဒါ ရှူကက်လုပ်ကြံခံရမှုတို့အပေါ် အီရန်ဦးဆောင်တဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုအတွက် ကမ္ဘာက စောင့်ကြည့်နေလို့ ဂျော်ဒန်အစိုးရက သူ့လေပိုင်နက်ကို ချိုးဖောက်တာကို ခွင့်မပြုတော့ဘူးလို့ ဂျော်ဒန်က ပြောပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်တို့ရဲ့ ဂါဇာစစ်ပွဲမှာ လူ ၃၉,၇၉၀ ထက်မနည်း သေဆုံးပြီး ၉၂,၀၀၂ ဦး ဒဏ်ရာရခဲ့တာပါ။
အောက်တိုဘာ ၇ ရက်က ဟားမတ်စ် ဦးဆောင်ပြီး အစ္စရေးကို တိုက်ခိုက်မှုအတွင်း အစ္စရေးနိုင်ငံထဲမှာ ခန့်မှန်းခြေ လူ ၁,၁၃၉ ဦး သေဆုံးခဲ့ပြီး တခြား ၂၀၀ ကျော် ပြန်ပေးဆွဲ ဖမ်းဆီး ခံထားရပါတယ်။
Source: Reuters