အိုလံပစ်ရွှေတံဆိပ်ဆု ရယူနိုင်ဖို့က အိပ်မက်တစ်ခုဖြစ်ကြောင်း ပြင်သစ်နည်းပြ သီယာရီ အွန်နရီ က ပြောသွားပါတယ်။
အိမ်ရှင်ပြင်သစ်အသင်းဟာ အိုလံပစ်ဘောလုံးပြိုင်ပွဲမှာ ခြေစွမ်းပြကစားခဲ့ပြီး ဗိုလ်လုပွဲတက်ရောက်လာခဲ့တာပါ။
အိုလံပစ်ရွှေတံဆိပ်ဆု ရချင်တဲ့ အိပ်မက်တစ်ခုနောက်ကို လိုက်နေပြီး အိပ်ရာကနေ မနိုးချင်သေးကြောင်း အွန်နရီက ပြောပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလား အလွန်မှာ ပြင်သစ်နည်းပြသစ်အဖြစ် အွန်နရီကို ခန့်အပ်မယ့် အခြေအနေအပေါ် အချိန်တွေ အများကြီးလိုသေးတာကြောင့် အရေးတကြီးလုပ်ဆောင်ဖို့ မလိုသေးကြောင်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက ပြောပါတယ်။
အွန်နရီဟာ ကလပ်အသင်းနည်းပြဘဝမှာ အောင်မြင်မှုမရခဲ့တာကြောင့် ဝေဖန်မှုတချို့ ခံခဲ့ရပေမဲ့ ပြင်သစ်အိုလံပစ်အသင်းကို ၁၉၈၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဗိုလ်လုပွဲတက်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။