Home
အားကစား
အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ၌ ပြင်သစ်အသင်း အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်တက်
DVB
·
August 3, 2023
France 6-3 Panama

မနေ့က ယှဉ်ပြိုင်သွားတဲ့ အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စု (အက်ဖ်)ရဲ့  နောက်ဆုံးပွဲစဉ်တွေမှာ ပြင်သစ်က ပနားမားကို အနိုင်ရပြီး အုပ်စုဗိုလ်အဖြစ် နောက်တဆင့် ရှုံးထွက်အဆင့်ကို တက်သွားပါတယ်။ 

နာမည်ကြီး ဘရာဇီးကတော့ ဂျမေကာနဲ့ ဂိုးမရှိ သရေကျတာကြောင့် အုပ်စုတွင်းမှာ ၄ မှတ်ပဲရပြီး ပြိုင်ပွဲကနေ နှုတ်ဆက်သွားရပါတယ်။

ပြင်သစ်ကတော့ ပနားမားကို ၆ ဂိုး ၃ ဂိုးနဲ့ နိုင်ပြီး အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားတာ ဖြစ်ပါတယ်။

ဂျမေကာအသင်းကတော့ အုပ်စုတွင်းမှာ ၅ မှတ်ရပြီး အုပ်စု ဒုတိယနဲ့ နောက်တဆင့်ကို တက်လှမ်းသွားပါတယ်။

မနေ့ယှဉ်ပြိုင်တဲ့ အုပ်စု (ဂျီ) နောက်ဆုံး ပွဲစဉ်မှာတော့ ဆွီဒင်နဲ့ တောင်အာဖရိကအသင်းတို့ အသီးသီး အနိုင်ရပြီး ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။

ဆွီဒင်က အာဂျင်တီးနားကို ၂ ဂိုး ဂိုးမရှိ၊ တောင်အာဖရိကအသင်းက အီတလီကို ၃ ဂိုး ၂ ဂိုးနဲ့  အနိုင်ရသွားတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024