အုပ်စုအဖွင့်ပွဲစဉ်က အရေးကြီးပေမဲ့ အဆုံးအဖြတ်ပွဲစဉ်တော့ မဟုတ်ကြောင်း ပြင်သစ်နည်းပြ ဒက်ရွှန့်စ် က ပြောသွားပါတယ်။
အုပ်စု D မှာပါဝင်တဲ့ ပြင်သစ်အသင်းဟာ ဇွန် ၁၇ ရက်ည ယူရိုအုပ်စုအဖွင့်ပွဲစဉ်မှာ သြစတြီးယား အသင်းနဲ့ စတင်ရင်ဆိုင်သွားရမှာပါ။
အုပ်စုပွဲစဉ်တွေက အရေးကြီးပေမဲ့ အဆုံးအဖြတ်ပွဲစဉ်တော့ မဟုတ်ကြောင်း၊ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးက အဖွင့်ပွဲ ရှုံးနိမ့်ခဲ့ပေမဲ့ ချန်ပီယံဖြစ်ခဲ့တဲ့ အချက်ကို နည်းပြ ဒက်ရွှန့်စ်က ဥပမာပေးပြီး ပြောပြခဲ့တာပါ။
သြစတြီးယားအသင်းက ဘောလုံးတိုက်ရိုက်ပေးပို့ပြီး တိုက်စစ်ဆင်ရာမှာ ထူးချွန်တာကြောင့် လိုချင်တဲ့ရလဒ် ရရှိဖို့ အဆင်သင့်ဖြစ်နေဖို့ လိုအပ်ကြောင်း နည်းပြ ဒက်ရွှန့်စ်က ပြောသွားပါတယ်။