ပါကစ္စတန်နိုင်ငံ ချီဘာပတ်ရှ်တွန်ခွါပြည်နယ် ချီထရယ်မြို့ထဲက ရှီရှီခိုတောင်ကြားတလျှောက် ရေခဲမြစ်ကြောင့်ဖြစ်တဲ့ ရေကန်က ကန်ဘောင်ကျိုးပြီး မြစ်ရေလျှံခဲ့ပါတယ်။
တောင်ကျရေတွေ ဩဂုတ် ၄ ရက်က ဝါးလုံးထိုး စီးဆင်းလာခဲ့လို့ တံတားတစင်း ပျက်စီးပြီး တောင်ကျရေ လမ်းကြောတလျှောက် အပျက်အစီး များခဲ့ပါတယ်။
ရေကြီးလို့ ရှီရှီခိုတောင်ကြားနဲ့ တခြားဒေသတွေကို ဆက်သွယ်ထားတဲ့ အဓိကလမ်းပါ ရေမြုပ်သွားခဲ့တာပါ။
ကုန်းလမ်းဆက်သွယ်ရေး ပျက်စီးသွားလို့ ဒေသခံတွေက အကူအညီ အကြီးအကျယ် လိုအပ်နေတယ်လို့ ပြောပါတယ်။
လတ်တလော ရေဘေးကြောင့် ကောက်ပဲသီးနှံတွေ ပျက်စီးသွားပြီး စိုက်ပျိုးရေးသုံး တူးမြောင်းတွေ၊ ပိုက်လိုင်းတွေနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေပါ ပျက်စီးသွားခဲ့တာပါ။
ပြည်နယ်အတွင်း ကျန်ခဲ့တဲ့ ၅ ရက်မှာ ရွာခဲ့တဲ့ မိုးနဲ့ ရေဘေးကြောင့် ကလေးတဒါဇင် အပါအဝင် လူ ၂၀ ကျော် သေဆုံးခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံတလွှားမှာ မုတ်သုံရာသီ စတင်ဝင်ရောက်လာပြီဖြစ်လို့ အရင်အပတ်က ရေကြီး မြေပြိုတာတွေ ဖြစ်ခဲ့တာပါ။
အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာတော့ ရေဘေးတခုအတွင်း လူ ၁၉၅ ယောက်ထက်မနည်း သေဆုံးပြီး နောက်ထပ်လူ ၂၀၀ နီးပါး ပျောက်ဆုံးနေပါတယ်။
Source-Reuters