ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပမယ့် ၂၀၃၄ ကမ္ဘာ့ဖလားအစီအစဉ်မှာ ပေ ၃၅၀ အမြင့်မှာ ဆောက်လုပ်ထားတဲ့ ဘောလုံးကွင်းလည်း ပါဝင် လက်ခံကျင်းပဖို့ လျာထားပါတယ်။
ဆော်ဒီနိုင်ငံဟာ ကမ္ဘာ့ဖလား လက်ခံကျင်းပနိုင်ဖို့အတွက် ကွင်း ၁၆ ကွင်းအထိ တင်ပြထားပြီး အဲဒီစာရင်းမှာ မြေပြင်ကနေ ပေ ၃၅၀ အမြင့်မှာရှိတဲ့ ဘောလုံးကွင်းတကွင်းလည်း ပါဝင်နေတာပါ။
ကွာတားဖိုင်နယ် ပွဲစဉ်တပွဲကို လက်ခံ ကျင်းပနိုင်ဖို့ လျာထားတာဖြစ်ပြီး နိုင်ငံရဲ့ အနောက်မြောက်ပိုင်းက နီယွန်ဆိုတဲ့ မြို့မှာ ဖြစ်ပါတယ်။
လက်ခံကျင်းပခွင့်ရဖို့ တင်ပြလျှောက်ထားတဲ့ ကွင်းတွေထဲမှာ ၈ ကွင်းက မြို့တော် ရီယက်မှာ ဖြစ်ပြီး တခြားကွင်းတွေကတော့ ဂျက်ဒက်ရှ်၊ အယ်လ်ကိုဘာနဲ့ အက်ဘ်ဟာမြို့တွေမှာ လက်ခံကျင်းပမှာ ဖြစ်ပါတယ်။
ဖီဖာအနေနဲ့ ဆော်ဒီဘက်က လျှောက်ထားမှုအပေါ် လာမယ့်ဒီဇင်ဘာ ၁၁ ရက်မှာ ကျင်းပမယ့် ဖီဖာကွန်ဂရတ်မှာ အတည်ပြုဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ်။
၂၀၃၄ ကမ္ဘာ့ဖလားမှာ အသက် ၄၈ သင်းတိုးမြှင့်ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် နိုင်ငံတနိုင်ငံတည်းက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ပြိုင်ပွဲဖြစ်လာမယ်လို့ သိရပါတယ်။