ဆော်ဒီ ရေနံကုမ္ပဏီကြီးအာရမ်ကိုဟာ ရှယ်ယာတွေကို ဝေပုံကျ ရွေးချယ် ရောင်းချပြီးတဲ့နောက် ဆင့်ပွားရှယ်ယာရောင်းချမှုကနေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၃၅ ဘီလီယံကို ဆော်ဒီ အာရေဗျအစိုးရကရခဲ့တယ်လို့ ရိုက်တာသတင်းမှာဖော်ပြပါတယ်။
သဘော တူညီချက်အရ ၂၀၁၉ ခုနှစ်မှာ ပုဂ္ဂလိကကုမ္ပဏီကို အများပိုင်အဖြစ် ပြောင်းလဲဖို့ ရှယ်ယာတွေ ရောင်းချရာမှာ အရောင်း စံချိန်တင်ခဲ့တာပါ။
အဲဒီနောက် ကမ္ဘာ့တန်ဖိုးအရှိဆုံးကုမ္ပဏီတွေထဲက တခုမှာ နောက်ထပ် အပိုင်းတခုကို ရောင်းချဖို့ နှစ်ရှည်ကြိုးပမ်းမှု အထွတ်အထိပ်ရောက်ခဲ့ပါတယ်။
"Vision 2030" လို့ လူသိများတဲ့ စီးပွားရေး ခေါင်းစဉ် ကွဲပြားခြားနား အမယ်များစေရေး အစီအစဉ်ကို ဆက်လုပ်ဖို့ ဆော်ဒီဟာ ရန်ပုံငွေပိုမိုရရှိရေးအတွက် ကြိုးပမ်းနေပါတယ်။
Source-Reuters