အခုနှစ် ဟာ့ဂ်ျဘုရားဖူးခရီးစဉ်အတွင်း ပြင်းထန်တဲ့အပူဒဏ်ကြောင့် သေဆုံးသူအရေအတွက် စုစုပေါင်း ၁,၃၀၁ ဦးရှိပြီလို့ ဆော်ဒီအာရေဗျ ကျန်းမာရေးဝန်ကြီး ဖာဟဒ် ဒါလ် ဂျလာဂျေက ဇွန် ၂၃ ရက်မှာ ပြောပါတယ်။
လုံလောက်တဲ့ အမိုးအကာမရှိဘဲ နေရောင်တိုက်ရိုက်အောက်မှာ ခရီးဝေး လမ်းလျှောက်ရလို့ ဘုရားဖူးတွေ သေဆုံးရတာလို့ ဝန်ကြီးက အစိုးရရုပ်သံမှာ ပြောပါတယ်။
သေဆုံးသူတွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ နာတာရှည် ရောဂါအခံရှိသူတွေလည်း ပါပါတယ်။
သေဆုံးသူတွေရဲ့ ၈၃ ရာခိုင်နှုန်းဟာ ဘုရားဖူးဖို့ ခွင့်ပြုချက် မရထားသူတွေ ဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောခဲ့ပါတယ်။
Source-Reuters