Home
မြန်မာသတင်း
ချောင်းသာတွင် PDF ဆက်နွှယ်မှုဖြင့်ဖမ်းဆီးခံရသည့် လူငယ် ၂ ဦးကို ငွေတောင်းပြီး ပြန်လွှတ်
DVB
·
August 1, 2024

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ချောင်းမြို့နယ်မှာ PDF နဲ့ အဆက်အသွယ်ရှိတဲ့လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ ဒေသခံလူငယ် ၂ ဦးကို စစ်ကောင်စီတပ်က တဦးလျှင် ကျပ် ၇ သိန်းတောင်းယူပြီး ပြန်လွှတ်ပေးခဲ့တယ် လို့ ဒေသခံတွေဆီက သိရပါတယ်။

ချောင်းသာမြို့နယ်ခွဲက ဒေသခံ လူငယ်ကုန်သည် ၂ ဦးကို စစ်ကောင်စီတပ်က ၇ ရက်ကြာ ဖမ်းဆီးချုပ်နှောင်ထားပြီးနောက် မိသားစုနဲ့ ဆက်သွယ်ခဲ့ကာ တဦးကို  ကျပ် ၇ သိန်းတောင်းယူခဲ့ပြီး နောက်ကို နောက်နောင် PDF နဲ့ အဆက်အသွယ်မလုပ် ပါဘူးဆိုတဲ့ ခံဝန် လက်မှတ် ထိုးခိုင်းပြီး ဇူလိုင် ၂၈ ရက်က ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းခံရသူတွေနဲ့ နီးစပ်တဲ့ ဒေသခံက ''ဇူလိုင် ၂၂ ရက်က အဖမ်းခံရတာ ၂၈ ရက်က ငွေတောင်းပြီးတော့ ပြန်လွှတ်ပေးတာ။ စစ်ကောင်စီတပ်က ငွေရရင်ဘာမဆိုအကုန်လုပ်တာ။ သက်သက် တဖတ်သတ်စွပ်စွဲပြီး အဖမ်းခံရတာ။ PDF နဲ့ ဆက်သွယ်တဲ့ အထောက်အထားနဲ့ အပြပဲဖမ်းခဲ့တာ”လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ လူငယ် ၂ ဦးကို ငွေမပေးရင် အကြမ်းဖက် ဥပဒေနဲ့ အမှုဖွင့် တရားစွဲထောင်ချမယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက် ငွေတောင်းတာလို့ ဆိုပါတယ်။

စစ်ကောင်စီ တပ်နဲ့ နီးစပ်တဲ့ဒေသခံက'' သူတို့ ၂ ယောက်က PDF နဲ့ ပတ်သက်မှုမရှိကိုး။ ဒီအတိုင်းလွှတ်ပေးလည်း ရတယ်။ အဲဒီအဖမ်းခံရတဲ့ လူငယ် ၂ ယောက်ကစပါး ကုန်သည်တွေလေ။ ငွေထွက်မှန်းသိလို့လုပ်တာ၊ ငွေလိုချင်လို့ သက်သက်စွပ်စွဲဖမ်းခဲ့တာ''လို့ ပြောပါတယ်။

ချောင်းသာနဲ့ ငွေဆောင်မြို့တွေမှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဇူလိုင် ၂၀ ရက်ကစတင်ပြီး ၃၀ ရက်အထိ လက်နက်ကိုင်အဖွဲ့တွေလာရောက် ခိုလှုံနေတယ်ဆိုပြီး တင်းကျပ် စစ်ဆေးတာတွေ တိုးမြှင့် လုပ်ဆောင်နေပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ ဇူလိုင် ၁၇ ရက်ကလည်း  တော်လှန်းရေးတပ် PDF တွေကို ထောက်ပံ့ရေး ပစ္စည်းတွေ စုဆောင်းထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲပြီး ဒေသခံ စီးပွားရေးလုပ်ငန်းရှင် ၂  ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013