လာမယ့်ရာသီမှာ တိုက်စစ်မှူး အီဆက်ခ်ရဲ့ခြေစွမ်းပိုကောင်းလာဦးမယ်လို့ နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက ချီးကျူးသွားပါတယ်။
ဆွီဒင်တိုက်စစ်မှူးဟာ ဂျပန်ကလပ် အူရာဝါရတ်ဒိုင်းမွန်းနဲ့ ပွဲစဉ်မှာ ၂ ဂိုးသွင်းခဲ့ပြီး ရာသီကြိုခြေစမ်းပွဲသုံးပွဲမှာ သုံးဂိုးသွင်းယူနိုင်ခဲ့တာပါ။
အီဆက်ခ်ဟာ လျှပ်စီးလိုလျင်မြန်တဲ့ကစားသမားဖြစ်ပြီး သွင်းဂိုးတွေကို ဆာလောင်သူဖြစ်ကြောင်း၊ တိုးတက်မူတွေရှိလာဖို့ လိုအပ်နေဆဲဖြစ်ပေမဲ့ လာမယ့်ရာသီမှာ ပိုပြီးကောင်းမွန်တဲ့ ကစားသမားဖြစ်လာမယ်လို့ နည်းပြအက်ဒီဟောင်းက ပြောပါတယ်။
အီဆက်ခ်ဟာ မနှစ်ကရာသီက အသင်းအတွက် ပြိုင်ပွဲစုံပွဲ ၄၀ မှာ ၂၅ ဂိုးအထိသွင်းယူနိုင်ခဲ့သူပါ။ သူ့ကိုခေါ်ယူဖို့ အာဆင်နယ်အပါအဝင် ထိပ်တန်းအသင်းတွေက စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
Photo-Reuters