ဇူလိုင် ၃၀ ရက် မနက် ၁၂ နာရီက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပါရီအိုလံပစ် ကြက်တောင်ပြိုင်ပွဲ အမျိုးသမီးတဦးချင်း အုပ်စုနောက်ဆုံးပွဲမှာ မြန်မာကြက်တောင်မယ် သက်ထားသူဇာဟာ ကနေဒါ ကြက်တောင်မယ် မီရှဲလီကို ၂ ပွဲပြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခွာခဲ့ပါတယ်။
ကမ္ဘာ့အဆင့် ၄၃ ရှိတဲ့ သက်ထားသူဇာဟာ ကမ္ဘာ့အဆင့် ၃၁ ရှိတဲ့ ကနေဒါကြက်တောင်မယ်ကို ၁၆-၂၁၊ ၂၃-၂၅ တို့နဲ့ ရှုံးနိမ့်ပြီး အုပ်စုအဆင့်ကနေပဲ ထွက်ခွာခဲ့ရပါတယ်။
သက်ထားသူဇာက"Group State ရဲ့ ဒုတိယပွဲမှာလည်း အကောင်းဆုံးကြိုးစားခဲ့ပေမဲ့ အားလုံးမျှော်လင့်ထားသလို အနိုင်မရခဲ့တဲ့အတွက်တောင်းပန်ပါတယ်။ ကွင်းထဲထိလာအားပေးတဲ့ သူတွေကော အွန်လိုင်းကအားပေးတဲ့သူတွေပါ ကျေးဇူးတင်ပါတယ်။ ရလဒ်ကောင်းမရပေမဲ့ ခုထိအားပေးချစ်ပေးကြတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်" လို့ ပြောပါတယ်။
၂၀၂၄ ပါရီအိုလံပစ် ကြက်တောင်ပြိုင်ပွဲ အမျိုးသမီးတဦးခြင်းအုပ်စု ဂ မှာ ဂျပန်၊ ကနေဒါနဲ့ မြန်မာတို့ ကျရောက်နေပြီး တသင်းသာ နောက်တဆင့် တက်ရောက်မှာ ဖြစ်ပါတယ်။
သက်ထားသူဇာဟာ အုပ်စုအဖွင့်ပွဲမှာလည်း ဂျပန်ကြက်တောင်မယ်ယာမဂုချိ အကနဲကို ၁၂-၂၁၊ ၁၀-၂၁ ၂ပွဲပြတ်နဲ့ ရှုံးနိမ့်ထားတဲ့အတွက် ၂ပွဲလုံးရှုံးပြီး အုပ်စုအဆင့်က ထွက်ခွာခဲ့ရတာပါ။
၂၀၂၄ ပါရီအိုလံပစ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ကြက်တောင်မယ် သက်ထားသူဇာနဲ့ ရေကူးအားကစားသမားဖြစ်တဲ့ ဘုန်းပြည့်ဟန်တို့နှစ်ဦးသာ ဝင်ရောက်ယှဉ်ပါတယ်။