အစ္စရေးစစ်တပ်က ဘေးလွတ်ရာရွှေ့ဖို့ အမိန့်အသစ်ထုတ်ပြန်ပြီးတဲ့နောက် ပါလက်စတိုင်းလူမျိုးတွေဟာ ဂါဇာကမ်းမြောင်အလယ်ပိုင်းက အယ်လ်ဘူရေးဂျ်နဲ့ အယ်လ်နူဆေးရတ် ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးနေကြပါတယ်။
ဂါဇာကမ်းမြောင်ဒေသရဲ့ ၈၆ ရာခိုင်နှုန်းဟာ လက်ရှိမှာ ခုလို အမိန့်ပေးခံနေရတယ်လို့ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ (UNRWA) က ပြောပါတယ်။
အစ္စရေးက သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်မှာ လူ ၁၂ ဦး သေဆုံးခဲ့ရတဲ့ ဒုံးကျည်တိုက်ခိုက်မှုကို တုံ့ပြန်ရေး ဆုံးဖြတ်ဖို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီး ယိုအတ်ဗ်ဂေါလန့်တို့ကို အစ္စရေး လုံခြုံရေး အစိုးရအဖွဲ့က ခွင့်ပြုလိုက်ပါတယ်။
လက်ဘနွန်နိုင်ငံထဲက ဟစ်ဇ်ဘိုလာတွေရဲ့ တိုက်ခိုက်မှုအတွက် အစ္စရေးက အပြစ်တင်ခဲ့ပါတယ်။ အစ္စရေးစစ်သားတွေနဲ့ ပါလက်စတိုင်း တိုက်ခိုက်ရေးသမားတွေကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ တင့်ကားတွေက ဂါဇာတောင်ပိုင်းက မြို့ကြီးနှစ်မြို့ဖြစ်တဲ့ ရာဖှာနဲ့ ခန်းယူးနစ် မြို့တွေထဲကို ပိုနက်နက်ရှိုင်းရှိုင်း ဝင်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အစ္စရေးက တိုက်ခိုက်လို့ ပါလက်စတိုင်း ၆၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
အစ္စရေးရဲ့ ဂါဇာစစ်ပွဲအတွင်း လူ ၃၉,၃၂၄ ဦးထက်မနည်း သေဆုံးပြီး ၉၀,၈၃၀ ဦး ဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာ ၇ ရက်က ဟားမတ်စ်ဦးဆောင်ပြီး အစ္စရေးကို တိုက်ခိုက်မှုအတွင်း အစ္စရေးမှာ ခန့်မှန်းခြေ လူ ၁,၁၃၉ ဦး သေဆုံးခဲ့ပြီး နောက်ထပ် အယောက်၂၀၀ ကျော် ဂါဇာဆီ ပြန်ပေးဆွဲ ခေါ်ဆောင်ခံခဲ့ရပါတယ်။
Source-Reuters