ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်ရဲ့ ပရိသတ် ထောင်ပေါင်းများစွာဟာ ဇူလိုင် ၂၇ ရက် ညက ဂျာမနီနိုင်ငံ မြူးနစ်ချ်မြို့က အိုလံပစ်ပန်းခြံမှာ စုဝေးခဲ့ကြပါတယ်။
ဖျော်ဖြေပွဲအတွက် လက်မှတ်မရတဲ့ သူ့ပရိသတ် အယောက် ၄၀,၀၀၀ လောက်ဟာ အိုလံပစ်ပန်းခြံ ပတ်လည်ကနေ ဖျော်ဖြေပွဲကို နားထောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်းထားပါတယ်။
ပွဲကျင်းပမယ့်နေရာ၊ အိုလံပစ်အားကစားကွင်းဟာ ပန်းခြံရဲ့အလယ်က လေဟာပြင်ဖြစ်လို့ တေးဂီတကို ကြည်ကြည်လင်လင် ပြတ်ပြတ်သားသား ကြားနိုင်ပြီး လူထုကို လက်ခုပ်တီးဖို့ ခွင့်ပြုထားပါတယ်။
နောက်ထပ် ပရိသတ် ၇၅၀၀၀ ကတော့ အားကစားကွင်းထဲဝင်ပြီး ဖျော်ဖြေပွဲကို တက်ရောက်ခဲ့ပါတယ်။
တေလာဆွစ်ဖ်ရဲ့ ဒေါ်လာ ဘီလီယံချီတန်တဲ့ အေးရက်စ် ဖျော်ဖြေရေးခရီးစဉ်ဟာ စံချိန်သစ်တွေ ဆက်တိုက်ထွက်နေဆဲဖြစ်ပြီး ထောင်သောင်းချီတဲ့ ပရိသတ်တွေ အတူကခုန်ချိန် အီဒင်ဘာ့ဂ်မှာ ငလျင်ငယ်တခု လှုပ်ခတ်သွားခဲ့ပါတယ်။
တင်းကျပ်တဲ့ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေတွေကြောင့် လက်မှတ်ရောင်းအား ၈၀ ရာခိုင်နှုန်း လျော့ကျသွားတဲ့ တေလာဆွစ်ဖ်ရဲ့ မြောက်အမေရိကသား ပရိသတ်တွေပါ ဥရောပကို ရောက်လာလို့ သူ့ခရီးစဉ်ဟာ ခရီးသွားလုပ်ငန်းနဲ့ ဧည့်ဝတ်ပြုခြင်းလုပ်ငန်းတို့မှာ စီးပွားတက်လာစေခဲ့တာပါ။
ဆွစ်ဖ်ဟာ ပိုလန်မြို့တော် ဝါဆောက ဖျော်ဖြေပွဲ ၃ ပွဲဆီ မသွားမီ ဂျာမန်တောင်ပိုင်းမြို့မှာ ဒုတိယအကြိမ် ဖျော်ဖြေပွဲကို ဇူလိုင် ၂၈ ရက်က ကျင်းပခဲ့ပါတယ်။
Source-Reuters