ပါကစ္စတန်နိုင်ငံရဲ့ အဓိကအစ္စလာမ္မစ်ပါတီ ဂျမတ်အီ အစ်လာမီ ပါတီ (JI) ကို ထောက်ခံသူ ရာပေါင်းများစွာဟာ ဇူလိုင် ၂၇ ရက်က အစ္စလာမာဘတ်မြို့ဆင်ခြေဖုံးမှာ စုရုံးခဲ့ကြပြီး ငွေကြေးဖောင်းပွမှုနဲ့ စွမ်းအင်ဆိုင်ရာ အခွန်ကောက်ခံမှုကို ဆန့်ကျင်ကန့်ကွက်ရင်း ထိုင်သပိတ် မှောက်ခဲ့ကြပါတယ်။
ထောက်ခံသူတွေဟာ စွမ်းအင်အတွက် အခွန်အကြီးအကျယ် ကောက်ခံနေတာကို ရုပ်သိမ်းရေးနဲ့ တဟုန်ထိုးတက်နေတဲ့ ငွေကြေးဖောင်းပွမှုကို လျှော့ချရေးအတွက် တောင်းဆိုနေကြပါတယ်။ ၂၀၂၄-၂၅ နှစ်ပတ်လည် ဘဏ္ဍာငွေ ရသုံးမှန်းခြေ အခွန်ဥပဒေအသစ်တွေကြောင့် မီတာခတွေ တက်လာပြီး သူတို့ဘဝက သနားစရာ ဖြစ်လာတယ်လို့ ညလုံးပေါက် လေဟာပြင် သပိတ်မှာ ထိုင်သပိတ် ဆင်နွှဲခဲ့တဲ့ ဆန္ဒပြသူတွေက ပြောပါတယ်။
အစိုးရရုံးတွေ၊ သံတမန် အသိုက်အဝန်းနဲ့ လွှတ်တော်တို့ တည်ရှိရာ Red Zone လို့ခေါ်တဲ့ နေရာထဲကို ဆန္ဒပြသူတွေ ဝင်မရအောင်တားဖို့ ဒေသန္တရ အာဏာပိုင်တွေက မြို့တော်ထဲက အဓိကလမ်းမကြီးတွေကို ပိတ်ဆို့တားဆီးခဲ့ပါတယ်။ အတားအဆီးတွေကို ဖြတ်ကျော်ဖို့ ကြိုးစားတဲ့ ဆန္ဒပြသူ အများအပြားကိုလည်း ရဲက ဖမ်းဆီးခဲ့ပါတယ်။
Source-Reuters