ပြင်သစ်နိုင်ငံ အနောက်ဘက်ခြမ်းမှာ စက်မှုစိုက်ပျိုး အလေ့အကျင့်တွေနဲ့ စိုက်ပျိုးရေးသုံး ရေလှောင်ကန်တွေ တည်ဆောက်တာကို ဒုတိယနေ့အဖြစ် ဆန္ဒပြကန့်ကွက်နေကြတဲ့ ရာသီဥတုအရေး တက်ကြွလှုပ်ရှားသူတွေကို ပြင်သစ်ရဲတွေက ဇူလိုင် ၂၀ ရက်မှာ မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ပါတယ်။
ပြင်သစ်အနောက်တောင်ပိုင်း လာဟို့ရှဲလ်မြို့က ဆိပ်ကမ်းတခုမှာ ချီတက်ဆန္ဒပြသူတွေဟာ လုံခြုံရေး ထူထူထပ်ထပ်ယူထားတဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြ ပါတယ်။
အာဏာပိုင်တွေက ဆန္ဒပြပွဲတွေကို တားမြစ်ထားပြီး စီမံကိန်းလုပ်ဖို့ စီစဉ်ထားတဲ့ ဆန့်ဆိုးဗွဧရိယာမှာ ရဲတပ်ဖွဲ့ဝင်တွေကို ဖြန့်ကျက်ချထားခဲ့ပေမဲ့ ထောင်နဲ့ချီတဲ့ ရေလှောင်ကန်တည်ဆောက်မှု ဆန့်ကျင်ရေး ဆန္ဒပြသူတွေက စုရုံးရောက်ရှိနေကြတာပါ။
အနောက်ဘက်ရှိ ဒူးဆဲ့ဗ်ဌာနမှာ တည်ရှိပြီး ပြင်သစ်နိုင်ငံမှ ငွေကြေးအမြောက်အမြား ထောက်ပံ့ပေးထားတဲ့ ချိုင့်ဝှမ်းတွေကို ခြောက်သွေ့တဲ့ နွေရာသီမှာ သီးနှံတွေ စိုက်ပျိုးဖို့နဲ့ ဆောင်းရာသီမှာ ရေသိုလှောင်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။
မြေအောက်ရေကို မျက်နှာပြင်ပေါ်ကို စုပ်ယူခြင်းဖြင့် ရေလှောင်ကန်တွေကို ရေဖြည့်ထားဖို့ ရည်ရွယ်ပေမဲ့ ဆောင်းရာသီမှာ နှင်းနဲ့မိုးရေ မလုံလောက်ရင် အသုံးမဝင်ဘူးလို့ အတိုက်အခံတွေက ပြောပါတယ်။
မြေအောက်ရေကို လေဟာပြင်ထဲမှာ သိုလှောင်ထားခြင်းကြောင့် ရေငွေ့ပျံခြင်းနဲ့ ရေညှိနဲ့ ဘက်တီးရီးယားတွေကြောင့် ညစ်ညမ်းမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။
၂၀၂၃ ခုနှစ် မတ်လတုန်းကလည်း အလားတူပရောဂျက်ကို ဆန့်ကျင်ဆန္ဒပြမှုတွေ ရှိခဲ့တာပါ။ အဲဒီဒေသရှိ ဆန့်ထ်ဆိုလင်းန်ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ရောက်ရှိဖို့ ကြိုးစားနေတဲ့ ဆန္ဒပြသူတွေကို ရဲတွေက တားဆီးခဲ့တာကြောင့် ဝေဖန်မှုတွေ အပါအဝင် ဒဏ်ရာရသူတွေလည်း အများအပြား ရှိလာခဲ့ပါတယ်။
Source-Reuters