ဘင်္ဂလားဒေ့ရှ် ပြန်ကြားရေးဝန်ကြီးဌာန အငယ်တန်းဝန်ကြီး မိုဟမ်မဒ် အယ်လ် အာရာဖတ်က ဒါကာမြို့တော်မှာရှိတဲ့ နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် ရုပ်မြင်သံကြား (BTV) ရဲ့ မကြာသေးမီက ပျက်စီးသွားတဲ့ အဆောက်အဦကို ဇူလိုင် ၂၄ ရက်က သွားကြည့်ခဲ့ပါတယ်။
လူပေါင်း ၁၅၀ နီးပါး သေဆုံးခဲ့ရတဲ့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကြား အဓိကရုဏ်းအပြီးမှာ ရုပ်သံဌာန ဖျက်ဆီးခံခဲ့ရတာပါ။
ပြန်ကြားရေးဝန်ကြီး အာရာဖတ်ကတော့ ကျောင်းသားတွေကို အပြစ်မတင်ဘဲ တတိယ အဖွဲ့အစည်းတွေကို အပြစ်တင်ခဲ့ပါတယ်။
ဆန္ဒပြပွဲတွေအတွင်း တက္ကသိုလ်ကျောင်းသားတွေက အစိုးရ အလုပ်အကိုင်ခွဲတမ်းကို ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။
ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာရဲ့ အစိုးရဆီက အယူခံဝင်မှုကို တရားရုံးချုပ်က လက်ခံပြီး လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့တဲ့ မိသားစုတွေရဲ့ မျိုးဆက်အတွက် အစိုးရဝန်ထမ်းဆိုင်ရာ အလုပ်အကိုင်ခွဲတမ်း လျှော့ချရင်း အလုပ်အကိုင် ၉၃ ရာခိုင်နှုန်းကို အရည်အချင်း ပြည့်မီသူတွေအတွက် ထားရှိဖို့ ညွှန်ကြားခဲ့ပါတယ်။
တရားရုံးချုပ်က ဆုံးဖြတ်ချက်ချခဲ့တဲ့ ဇူလိုင် ၂၁ ရက်ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းခဲ့ပါတယ်။
Source-Reuters