မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက အရင်မျိုးဆက်ရဲ့ သွေးတွေနဲ့ ရယူခဲ့တဲ့ အောင်မြင်မှုက လက်ရှိ မျိုးဆက်အတွက် သုခဘုံဖြစ်ကြောင်း ကိုရီးယားစစ်ပွဲ နှစ်ပတ်လည်နေ့မှာ ပြောကြားခဲ့ပါတယ်။
၁၉၅၀-၅၃ စစ်ပွဲအထိမ်းအမှတ် ဂုဏ်ပြုပွဲကို သောကြာနေ့က ကျင်းပခဲ့ပြီး အဲဒီပွဲကို ကင်ဂျုံအန်းက တက်ရောက်ခဲ့တယ်လို့ ဒေသခံ မီဒီယာ KCNA က ထုတ်ပြန်ပါတယ်။
မြောက်ကိုရီးယားဟာ ၃ နှစ်ကြာ စစ်ပွဲအပြီး ၁၉၅၃ ဇူလိုင် ၂၇ ရက်နေ့မှာ အမေရိကန်၊ တရုတ်နိုင်ငံတို့နဲ့ စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုခဲ့ပါတယ်။
“ရဲဘော်ကင်ဂျုံအန်းက အရင်မျိုးဆက်ရဲ့ သွေးနဲ့ တည်ဆောက်ခဲ့တဲ့ သုခဘုံကို ကျနော်တို့မျိုးဆက်က အလေးအနက်ထားဖို့နဲ့ အတွေးအမြင်တွေကို ထိန်းသိမ်းဖို့ ပြောခဲ့ပါတယ်” လို့ KCNA က ဖော်ပြပါတယ်။
မြောက်ကိုရီးယားဟာ စစ်ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုထားတဲ့ ဇူလိုင် ၂၇ ရက်နေ့ကို အောင်ပွဲနေ့အဖြစ် သတ်မှတ်ထားပါတယ်။
တောင်နဲ့မြောက် စစ်ပြေငြိမ်းခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်ကို နယ်မြေခွဲဝေ အုပ်ချုပ်ခဲ့ပြီး တောင်ကိုရီးယားကတော့ အဲဒီနေ့ကို အထိမ်းအမှတ်သတ်မှတ်တာမျိုး မတွေ့ရပါဘူး။
မြောက်ကိုရီးယားနိုင်ငံကတော့ ဇူလိုင် ၂၇ ရက်မှာ ညစာစားပွဲကြီးတွေအပါအဝင် ပြုံယမ်းရင်ပြင်မှာ မီးရှူးမီးပန်းဖောက်ပြီး ကပွဲများနဲ့ ပျော်ပွဲရွှင်ပွဲကျင်းပသလို လူငယ်တပ်ဖွဲ့တွေ ချီတက်ဂုဏ်ပြုခြင်း စတဲ့ အခမ်းအနားတွေ ကျင်းပလေ့ရှိတယ်လို့ KCNA က ဖော်ပြပါတယ်။
Source-Reuters