Home
နိုင်ငံတကာ
Search Engine အသစ်အဖြစ် ရပ်တည်နိုင်ရန် OpenAI ပစ်မှတ်ထား
DVB
·
July 27, 2024
Photo -REUTERS

OpenAI ဟာ Google လိုမျိုး Search engine အဖြစ် စတင်အသုံးပြုနိုင်နေပြီလို့ ဆိုပါတယ်။ 

AI စတင်သုံးစွဲခဲ့တဲ့ OpenAI က Search GPT မှာ စတင်အသုံးပြုမယ့်အကြောင်း ကြာသပတေးနေ့က ကြေညာခဲ့တာပါ။ 

ဒါဟာ AI Search engine တွေရဲ့ ရှေ့ပြေးပုံစံဖြစ်ပြီး အသုံးပြုသူတွေနဲ့ အဖွဲ့အစည်းငယ်တွေ စတင်စမ်းသပ်နိုင်တော့မှာဖြစ်ပါတယ်။ 

Search Tool တွေကို ChatGPT ရဲ့ Chatbot နဲ့ ပူးပေါင်းဆောင်ရွက်ပြီး အကောင်းဆုံး စွမ်းဆောင်ရေရအောင် ပြုလုပ်ထားပါတယ်။ 

OpenAIရဲ့ ပြောဆိုချက်အရ ရှာဖွေမှုတွေကို အနှစ်ချုပ်ပေးတဲ့ ရလဒ်ရရှိမှာဖြစ်ပြီး Links တွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။ 

ဒါဟာ အက္ခရာတွေနဲ့ ရှာဖွေမှုပြုလုပ်ရတဲ့ Google အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု တခု ဖြစ်လာဖွယ်ရှိပါတယ်။ 

Google ဟာ Search Engine ဈေးကွက်မှာ ၉၁ ရာခိုင်နှုန်း လွှမ်းမိုးထားတယ်လို့ ဇွန်လ လေ့လာမှု တွေက ဖော်ပြပါတယ်။ 

Alphabet ကတော့ ၃ ရာခိုင်နှုန်းထက်တောင်နည်းတယ်လို့ ဖော်ပြပေမဲ့ မိုက်ခရိုဆော့နဲ့ ပူးပေါင်းကာ Bing Search Engine မှာ အသုံးပြုဖွယ်ရှိပါတယ်။ 

Window အသုံးပြုသူတွေက Bing Search Engine ကို အသုံးပြုပြီး Open AI ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024