ပါရီအိုလံပစ်ပြိုင်ပွဲကို ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်လာနိုင်ကြောင်းနဲ့ ပြင်သစ်နိုင်ငံက ပြိုင်ပွဲကာလအတွင်း ပြင်ဆင်သင့်တာကို အကုန်ပြင်ထားမှာဖြစ်ကြောင်း ဝန်ကြီးချုပ် ဂါဘရီရယ် အက်တဲလ်က ပြောကြားပါတယ်။
ပြင်သစ်နိုင်ငံရဲ့ ဆော့ဖ်ဝဲလ်လုံခြုံရေးအေဂျင်စီ ANSSi ဌာနချုပ်မှာ ပြင်သစ်ဝန်ကြီးချုပ်က သတင်းထောက်တွေကို မှတ်ချက်ပေးခဲ့တာပါ။
အက်တဲလ်က“ဆိုက်ဘာခြိမ်းခြောက်မှုတွေ ရှိတယ်ဆိုတာ ကျနော်တို့သိပါတယ်။ ဒီကိစ္စကစွန့်စားမှု လုံးဝလုပ်လို့မရပါဘူး။ ဒီစိန်ခေါ်မှုတွေကိုကာကွယ်ဖို့ ကျနော်တို့ကိုယ်တိုင် ဆိုင်ဘာတိုက်ခိုက် သူတွေအတွက် အခွင့်အလမ်းနည်းအောင် ကန့်သတ်နိုင်တာကိုပဲ အကောင်းဆုံးလုပ်ရမှာပါ”လို့ပြောပါတယ်။
ကမ္ဘာ့နည်းပညာကုမ္ပဏီ CrowdStrike ရဲ့ ကမ္ဘာလုံးဆိုင်ရာ နည်းပညာချို့ယွင်း မှုဖြစ်ပွားခဲ့ပြီးနောက် ပြင်သစ်အိုလံပစ်ပြိုင်ပွဲမှာလည်း နည်းပညာပိုင်းဆိုင်ရာ စွန့်စားမှုတွေနဲ့ ရင်ဆိုင်ရဖို့ရှိပါတယ်။
ဒီဖြစ်စဉ်ကြောင့် အိုလံပစ်ပြိုင်ပွဲဝင် အဖွဲ့တွေဟာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
Source-Reuters