ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုမြို့တွင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး လက်နက်ထိမှန် သေဆုံးသူတွေရဲ့ အလောင်းတွေကို ကောက်ယူ သင်္ဂြိုဟ်မယ့်သူ မရှိဘူးဖြစ်နေတယ်လို့ လက်ရှိမြို့မှာ ကျန်ရစ်နေထိုင်နေသူတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့မှာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်ပူးပေါင်းတပ်တွေကြား မြို့တွင်းတိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေပါတယ်။
တိုက်ပွဲအတွင်း လက်နက်ထိမှန် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ကောက်ယူ သင်္ဂြိုဟ်မယ့်သူ မရှိဘူးဖြစ်နေတယ်လို့ လက်ရှိမြို့မှာ ကျန်ရစ်နေထိုင်နေသူတွေက ပြောပါတယ်။
လားရှိုးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်တွေ MNDAA ကိုးကန့်ပူးပေါင်းတပ်တွေက ဇူလိုင် ၂ ရက် ညကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
စစ်ကောင်စီတပ်ရဲ့ မြို့စောင့်တပ်ရင်းတချို့ကိုလည်း MNDAA ကိုးကန့်ပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့ပါတယ်။ MNDAA တပ်တွေက လားရှိုးမြို့ အရှေ့မြောက်စစ်ဒေသဌာနချုပ်ကို ဇူလိုင် ၂၅ ရက် မနက် ၄ နာရီမှာသိမ်းပိုက်နိုင်ခဲ့တယ်လို့ MNDAAတပ်ရဲ့ ရှေ့တန်းစစ်ဌာနချုပ်က ကြေညာထားပါတယ်။
ဒေသခံတွေကတော့ အခုလက်ရှိ လူနေရပ်ကွက်တွေအတွင်း ပြည်သူလူထုနေအိမ်တွေနဲ့ အထပ်မြင့် အဆောက်အဦတွေမှာ နှစ်ဖက်တပ်တွေကနေရာယူထားပြီး ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းမှာ လားရှိုးမြို့မှာရှိတဲ့ ပရဟိတအဖွဲ့တွေရဲ့ ကားတွေကို စစ်ကောင်စီတပ်က သိမ်းယူတာတွေရှိပါတယ်။
လားရှိုးမြို့ နှစ်ဖက်တိုက်ခိုက်မှုတွေအတွင်း အရပ်သားသေဆုံးမှုဟာ ရာဂဏန်းဝန်းကျင်ထိရှိလာပြီးလို့ မြို့ခံတွေကပြောပါတယ်။ ဒါ့အပြင်လူမှုကူညီရေးလုပ်နေတဲ့ ပရဟိတကားတွေလည်း သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဒဏ်ရာရသူ ၃ ဦးထိရှိလာပါတယ်။
ခွန်ဇော်ဦး