ဖိလစ်ပိုင်ကမ်းလွန်ပင်လယ်ပြင်မှာ စက်မှုလုပ်ငန်းသုံး လောင်စာဆီတွေ တင်ဆောင်လာတဲ့ ပင်လယ်ကူး ရေနံတင်သင်္ဘော တစင်းဟာ ဇူလိုင် ၂၅ ရက်က နစ်မြုပ်ခဲ့တာကြောင့် ကြီးမားတဲ့ ရေနံယိုဖိတ်မှု ဖြစ်ပွားခဲ့ပြီး ကမ်းခြေစောင့်တပ်က ကယ်ဆယ်ရေးသမားတွေဟာ ပျောက်ဆုံးနေတဲ့ သင်္ဘောသားတဦးကို ရှာဖွေနေပါတယ်။
မနီလာပင်လယ်အော်ရေပြင်မှာတိမ်မှောက်သွားတဲ့ MT Terra Nova သင်္ဘောမှ သင်္ဘောသား ၁၇ ဦးထဲမှ ၁၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီး ဟိုင်မေး ဘောင်တစ်စ်တာ က ပြောပါတယ်။ ပျောက်ဆုံးနေတဲ့ သင်္ဘောသားကိုလည်း ဆက်လက် ရှာဖွေနေပါတယ်။
သင်္ဘောနစ်မြုပ်မှုဟာ ဇူလိုင် ၂၄ ရက်က မနီလာမြို့ကြီးနဲ့ ပတ်ဝန်းကျင်ရှိ မြို့တွေကို ရေလွှမ်းမိုးခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ဂယ်မီ နဲ့ ဆက်စပ်မှု ရှိနေမလား လို့ အာဏာပိုင်တွေကလည်းစုံစမ်းစစ်ဆေးနေပါတယ်။
မနှစ် ဖေဖော်ဝါရီ ၂၈ ရက် တုန်းကလည်း စက်မှုလုပ်ငန်းသုံး ရေနံလောင်စာ လီတာ ၈ သိန်းလောက်ကို တင်ဆောင်လာတဲ့ ရေနံတင်သင်္ဘော မောင့်ထ်ပရင့်ဆက်စ် အမ်းပရက်စ် ဟာ တိမ်းမှောက်ပြီး နောက်ဆုံးမှာ နစ်မြုပ်သွားတာကြောင့် ခရီးသွားမြို့တွေကို ထိခိုက်ခဲ့တဲ့ ရေနံယိုဖိတ်မှုကြီး ဖြစ်ခဲ့ပြီး ၃ လကြာ သန့်ရှင်းရေး လုပ်ခဲ့ရပါတယ်။
Source-Reuters