ဂျပန်နိုင်ငံအနောက်ပိုင်း ယာမာဂူချီ စီရင်စုရဲ့ ကမ်းလွန်မှာ တောင်ကိုရီးယားအလံ လွှင့်တင်ထားတဲ့ ရေနံတင်သင်္ဘောတစီး တိမ်းမှောက်ခဲ့ကြောင်း အများပြည်သူပိုင်ရုပ်သံလိုင်း NHK က မတ် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
သင်္ဘောသားတွေကို ကယ်ဆယ်ဖို့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားပါတယ်။
ရေနံတင်သင်္ဘော ဆွန်းခိုယောင်းဟာ ဒေသစံတော်ချိန် မနက် ၇ နာရီမှာ အကူအညီ တောင်းခံခဲ့တာဖြစ်ပြီး သင်္ဘောတိမ်းစောင်းသွားကြောင်းနဲ့ သင်္ဘောသား ၁၁ ဦး လိုက်ပါသွားကြောင်း သတင်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
အခုချိန်အထိ လူ ၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း NHK သတင်းမှာ ဖော်ပြထားပါတယ်။
Source/Photo-Reuters