ယီမင်နိုင်ငံထဲက ဟူသီသူပုန်တွေက နိုင်ငံတကာ ရေကြောင်းပို့ဆောင်မှုအပေါ် ခြိမ်းခြောက်မှု ကြီးထွားလာနေတာကို ပင်လယ်နီနဲ့ ပတ်ဝန်းကျင်က ရေလမ်းကြောင်းတွေမှာ မကြာခင်က အဖြစ်အပျက်တွေက သက်သေပြနေတယ်လို့ ယီမင်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဟန်စ် ဂရန်းဘာ့ဂ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ဇူလိုင် ၂၃ ရက်က ပြောလိုက်ပါတယ်။
ယီမင်နိုင်ငံတွင်း အခြေအနေတွေကို ရှင်းပြရာမှာ ဂရန်းဘာ့ဂ်က စီးပွားရေးဆိုင်ရာ သင်္ဘောတွေအပေါ် ဟူသီတွေရဲ့ တိုက်ခိုက်မှုအသစ်နဲ့ ယီမင်နိုင်ငံအပေါ် ပထမဆုံး အစ္စရေး လေကြောင်းတိုက်ခိုက်မှု အပြီးမှာ ဒေသတွင်း အဖျက်စွမ်းအား တိုးလာမယ့်အန္တရာယ်ကို သတိပေးခဲ့ပါတယ်။
“ပင်လယ်နီအတွင်း နိုင်ငံတကာ ရေကြောင်းသွားလာမှုကို ဆက်ပစ်မှတ်ထားမှာနဲ့ ပတ်ဝန်းကျင် ရေလမ်းတွေကို ဆက်ပြီး ပစ်မှတ်ထားမှာကို ကျနော် အလွန်စိုးရိမ်မိပါတယ်” လို့ သူက ဆက်ပြောပါတယ်။
“လတ်တလော အဖြစ်အပျက်တွေက နိုင်ငံတကာ သင်္ဘောတင်ပို့မှုအပေါ် ခြိမ်းခြောက်မှုဟာ နယ်ပယ်နဲ့ တိကျမှုပါ တိုးလာနေတာကို ပြနေတယ်” လို့လည်း သူက ထပ်ပြောပါတယ်။
ဒီဖြစ်ရပ်တွေဟာ အကြမ်းဖက်မှုအသစ်နဲ့ အန္တရာယ်ရှိတဲ့အဆင့်ကို ကိုယ်စားပြုတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
Source-Reuters