Home
နိုင်ငံတကာ
ဂါဇာအတွက် ကုလအကူအညီပေးရေးပစ္စည်းများ သယ်ဆောင်ခွင့် အစ္စရေး ခွင့်ပြု
DVB
·
July 16, 2024
Photo-UNTV

ကုလသမဂ္ဂဟာ အစ္စရေး အာဏာပိုင်တွေဆီက ခွင့်ပြုချက်ရရှိပြီးနောက် ဂါဇာကမ်းမြောင်မှာ သူ့ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေအတွက် နောက်ထပ် သံချပ်ကာမော်တော်ယာဉ်တွေနဲ့ တကိုယ်ရေသုံး အကာအကွယ်ပစ္စည်းတွေ အများအပြားကို စတင်သယ်ဆောင်တော့မှာဖြစ်ကြောင်း ကုလသမဂ္ဂက ဇူလိုင် ၁၅ ရက်မှာ ပြောပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွဟားမတ်စ်တို့အကြား စစ်ပွဲဟာ ၁၀ လမြောက်ကို ရောက်ရှိလာပြီး တရားဥပဒေစိုးမိုးမှုလည်း ပျက်ပြားသွားခဲ့တာကြောင့် ကုလသမဂ္ဂဟာ ပြီးခဲ့တဲ့လက ဂါဇာကမ်းမြောင်ဒေသမှာ ဘေးကင်းရေးနဲ့ လုံခြုံရေးကိစ္စအတွက် အစ္စရေးကို စာပေးပို့ခဲ့တဲ့အပေါ် ခွင့်ပြုကြောင်း တုံ့ပြန်ခဲ့တာလို့ ဂါဇာရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လက်ထောက်ညှိနှိုင်းရေးမှူးနဲ့ UNRWA ရေးရာ ညွှန်ကြားရေးမှူး စကော့အန်ဒါဆင်က ပြောပါတယ်။

ကုလသမဂ္ဂဟာ အင်္ဂါနေ့မှာ ဂါဇာကမ်းမြောင်ကို သံချပ်ကာယာဉ်တွေနဲ့ ကာကွယ်ရေးပစ္စည်း ကိရိယာတွေ ထပ်မံယူဆောင်လာမှာဖြစ်ကြောင်း အန်ဒါဆင်က ပြောကြားခဲ့ပါတယ်။

လက်ကိုင်ရေဒီယိုတွေလို ဆက်သွယ်ရေးပစ္စည်း တချို့ကိုလည်း အတည်ပြုထားပြီး ဖြစ်ကြောင်းနဲ့ တည်ငြိမ်တဲ့ အင်တာနက်အသုံးပြုခွင့်အတွက် ကုလသမဂ္ဂရဲ့ တောင်းဆိုမှုအပေါ် ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်းလည်း ဆိုပါတယ်။

ဖုန်းတာဝါတိုင်တွေအပေါ် အားကိုးလို့မရတာကြောင့် ဆဲလ်ဖုန်းတွေအပေါ် အားမကိုးရတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို လိုချင်ကြောင်း ကုလသမဂ္ဂက ပြောထားပါတယ်။

ဒါပေမဲ့ ဂြိုဟ်တု အင်တာနက်ဝန်ဆောင်မှုကို ဝင်ရောက်အသုံးပြုရင် ဟားမတ်စ်တွေက ဘာတွေလုပ်နိုင်မလဲ ဆိုတာကို အစ္စရေးအာဏာပိုင်တွေက လုံခြုံရေးစိုးရိမ်မှုတွေ ရှိနေတာဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013