Home
နိုင်ငံတကာ
ငတ်မွတ်ခေါင်းပါးမှုနဲ့ ဆင်းရဲမွဲတေမှု အဆုံးသတ်ရန် ဘရာဇီးသမ္မတ ကြိုးပမ်း
DVB
·
July 25, 2024
Photo-Reuters

ဘရာဇီးသမ္မတ လူးဝစ်အင်နာစီရို လူလာဒါဆေးလ်ဗားဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ အလွန်အမင်း ဆင်းရဲမွဲတေမှုကို ရပ်တန့်ဖို့အတွက် ဇူလိုင် ၂၄ ရက်မှာ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုကို စတင်ခဲ့ပါတယ်။

သူဟာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ နိုင်ငံရဲ့ အာဏာပါဝါအပျော့ကို ပြန်လည်ရယူဖို့ ကြိုးပမ်းနေပြီး ဘရာဇီးရဲ့ G20 ဥက္ကဋ္ဌရာထူးကို အထိမ်းအမှတ်ပြုဖို့လည်း ရည်ရွယ်ထားတာပါ။

“ကျနော်တို့လက်ထဲမှာ ကြွယ်ဝမှုတွေ အများကြီးရှိပြီး သိပ္ပံနဲ့နည်းပညာ အရင်းအမြစ်တွေလည်း အများကြီးရှိနေချိန်  ၂၁ ရာစုမှာ ငတ်မွတ်မှုနဲ့ ဆင်းရဲမွဲတေမှုတွေကလည်း မပြီးနိုင်မစီးနိုင် တည်ရှိနေတာဟာ အဓိပ္ပာယ်မဲ့ပြီး လုံးဝ လက်ခံနိုင်စရာ မရှိပါဘူး” လို့ ရီယိုဒီဂျနေးရိုးမှာ နိုင်ငံခြားအရာရှိတွေ ဝန်းရံနေတဲ့ ဘရာဇီးသမ္မတ လူလာက ပြောသွားပါတယ်။

အခုသီတင်းပတ်အတွင်း ရီယိုဒီဂျနေးရိုးမှာ ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံတွေက ဘဏ္ဍာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးတွေ တွေ့ဆုံနေကြတာဖြစ်ပြီး လူလာဟာ ငတ်မွတ်မှုနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့ ဖွဲ့စည်းလိုက်တာကို ချီးကျူးပြောကြားခဲ့ပါတယ်။

တောင်အမေရိကမြို့မှာ ကမ္ဘာ့နိုင်ငံ့ခေါင်းဆောင်တွေ G20 ထိပ်သီးစည်းဝေးပွဲ ကျင်းပမယ့် နိုဝင်ဘာလမှာ ဘရာဇီးဟာ တရားဝင်ဖွင့်ပွဲ ပြုလုပ်မှာဖြစ်ပါတယ်။

လက်တွေ့မှာတော့ ဗုဒ္ဓဟူးနေ့ အခမ်းအနားဟာ နိုင်ငံတွေနဲ့ အဖွဲ့အစည်းတွေရဲ့ အဆိုပြုချက်ကို ပူးပေါင်းပါဝင်ဖို့ လမ်းခင်းပေးလိုက်ပြီး အာဟာရချို့တဲ့မှုကို တိုက်ဖျက်ဖို့ အသိပညာ၊ အရင်းအမြစ်တွေနဲ့ မိတ်ဖက်တွေ ပေါင်းစည်းဖို့ ရည်ရွယ်ထားပါတယ်။

ဘရာဇီးအစိုးရဟာ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ပူးပေါင်းပါဝင်မှုကို ဆွဲဆောင်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ FAO ရဲ့ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနဲ့ အာဟာရဆိုင်ရာ နိုင်ငံတော်ဆိုင်ရာ နှစ်စဉ်အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်မှာ လူဦးရေ သန်း ၇၀၀ ကျော် ငတ်မွတ်မှု ကြုံတွေ့ရနိုင်ပြီး ဒါဟာ တကမ္ဘာလုံးမှာ လူ ၁၁ ဦးထဲက ၁ ဦးနှုန်းနဲ့ အာဖရိကမှာ လူ ၅ ဦးထဲက ၁ ဦးနှုန်း ဖြစ်တယ်လို့ ဆိုပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013