ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌ ဟောင်း ပဒိုနော်စီဖိုးရာစိန်ဟာ ထိုင်း-မြန်နယ်စပ်တနေရာမှာ ဇူလိုင် ၂၄ ရက် ဒီကနေ့မွန်လွဲပိုင်း ၂ နာရီက ကွယ်လွန်သွားပါတယ်။
ပဒိုနော်စီဖိုးရာစိန်ဟာ ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဥက္ကဋ္ဌတာဝန်အပြင် KNU အထွေထွေအတွင်းရေးမှူးတာဝန်နဲ့ ဒုဥက္ကဋ္ဌ တာဝန်တွေကိုလည်း ထမ်းဆောင်ခဲ့တဲ့ ထင်ရှားတဲ့ အမျိုးသမီး ခေါင်းဆောင်တဦး ဖြစ်ပါတယ်။
ကွယ်လွန်သူ KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောတာမလာဘောရဲ့ သမီးဖြစ်လည်းဖြစ်တဲ့ နော်စီဖိုးရာစိန်ကို ၁၉၅၅ ခုနှစ်က ကရင်ပြည်နယ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၉ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။
ကျောင်းဆရာမအဖြစ် ၁၉၉၅ ခုနှစ်အထိ လုပ်ကိုင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံကို ခိုလှုံရောက်ရှိခဲ့ပါတယ်။
၁၉၈၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ စစ်ဘေးဒုက္ခခံစားနေရတဲ့ နယ်စပ်ဒေသနေ ကရင်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက် ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီး အခွင့်ရေး စတာတွေအတွက် အကူအညီတွေ ဆောင်ရွက်ပေးနေတဲ့ ကရင်အမျိုးသမီး အစည်းအရုံးမှာ အထွေထွေအတွင်းရေးမှူးအဖြစ်တာဝန်ထမ်းရွက်ခဲ့ပါတယ်။