Home
မြန်မာသတင်း
စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ပြည်သူလူထု နေအိမ်ပေါင်း ၉၅,၀၀၀ ကျော်ရှိလာ
DVB
·
July 24, 2024

အာဏာသိမ်း ၃ နှစ်ခွဲနီးပါးအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က မြန်မာပြည်အနှံ့ နေရာပေါင်း ၂၇၀ လောက်မှာ  အရပ်သားပြည်သူတွေရဲ့ နေအိမ်အလုံးပေါင်း ၉၅,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ပါတယ်။

ထိခိုက်ဆုံးရှုံးမှု အများဆုံးအနေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီ တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းက မီးလောင်ဆုံးရှုံးရတဲ့ နေအိမ်  စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းနဲ့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခု ၂၀၂၄ ခုနှစ်ထဲမှာတင် စစ်ကောင်စီနဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ မီး ရှို့ဖျက်ဆီးမှုတွေကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အရပ်သားနေအိမ် ၁၅,၀၀၀ နီးပါး ရှိခဲ့သလို ပြီးခဲ့တဲ့ ဇွန်တလတည်းမှာတင် ၁,၁၀၉ လုံး ထိခိုက်ဆုံးရှုံးခဲ့ရတာပါ။

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲမှာလည်း စစ်အာဏာသိမ်းကာလ နောက်ပိုင်း ၂၀၂၄ ခုနှစ်ထဲမှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်အရေအတွက် တိုးလာသလို အခုပထမနှစ်ဝက်အတွင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ထဲက ရွာပေါင်း ၁၆ ရွာမှာ စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ်အလုံး ၃,၁၀၀ ကျော် ပျက်စီးပြီးအကူအညီတွေ လိုအပ်နေတယ်လို့ Data for Myanmar အဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွေထဲက မီးရှို့ ဖျက်ဆီးခံရမှုတွေနဲ့ပတ်သက်တဲ့ နောက်ဆုံးအခြေအနေတွေကိုတော့ အသေးစိတ် မသိရှိနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၃ နှစ်ခွဲ နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဒီကာလတွေအတွင်း တိုင်းနဲ့ ပြည်နယ်အနှံ့ စစ်အာဏာရှင် စနစ်ကို တွန်းလှန်လိုကြတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက် နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံတဝန်းမှာတော့ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013