Home
မြန်မာသတင်း
မိုးကုတ်တွင် တိုက်ပွဲဆက်ဖြစ်ပြီး အရပ်သားများ ထိခိုက်၊ အင်တာနက်လိုင်း ဖြတ်တောက်ထား
DVB
·
July 23, 2024

မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ကျောက်တိုက်ကွင်းနားမှာ ဇူလိုင် ၂၃ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ပြီး ပြည်သူ ၇ ဦး ထိခိုက်ခဲ့သလို မိုးကုတ်မိုတယ်အနီး လက်နက်ကြီး ကျတာကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ မိုးကုတ်မြို့နယ်ပကဖက ပြောပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်း၊ ဗိုလ်ကုန်းရပ်ကွက်က ကုလားကျောင်းနားမှာ ဇူလိုင် ၂၃ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မိုးကုတ်မြို့မှာ ဇူလိုင် ၁၈ ရက်ကစတင်ပြီး  စစ်ကောင်စီက ဆက်သွယ်ရေးဖုန်းလိုင်း၊ အင်တာနက်လိုင်းအားလုံး ဖြတ်တောက်ထားပြီး  သတင်းအမှောင်ချခံနေရပါတယ်။

မိုးကုတ်မြို့နယ်ပကဖ တာဝန်ရှိသူ ကိုမိုးကောင်းက  “လက်ရှိကျန်နေတာဆိုလို့ ဗျူဟာကုန်းနဲ့ ရပ်တော်မူပဲ ကျန်ပါတယ်၊ အားလုံးနီးပါး သိမ်းပြီးပါပြီ။ စကစက ဖြတ်ခိုင်းထားလို့ဖြစ်မယ်ဗျ၊ လိုင်းရဖို့ တော်တော်ကြာဦးမယ် ထင်ပါတယ်။”

ဇူလိုင် ၁၉ ရက်က မိုးကုတ်အရှေ့ပိုင်း၊ ညောင်သုံးပင်ဘုန်းကြီးကျောင်းနဲ့ ပြည်သူ့ဆေးရုံအနီးကို စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲခဲ့ပေမဲ့ အရပ်သားပြည်သူ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို TNLA တပ်က တိုက်ခိုက်နေတာကြောင့် မြို့တွင်းတိုက်ပွဲအခြေအနေ ပြင်းထန်နေပြီး ပြည်သူအများစု မြို့တွင်းမှာ ပိတ်မိနေပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်း ပန်းမထိပ်အနီး စစ်တပ်စခန်းနဲ့ အချုပ်ထောင်တို့ကို TNLA တပ်က သိမ်းပိုက်ရရှိခဲ့တယ်လို့ TNLA ဘက်က ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်းကနေ မိုးကုတ်မြို့အနောက်ပိုင်းကို ဇူလိုင် ၂၂ ရက် ညပိုင်းက လက်နက်ကြီး လှမ်းပစ်ခဲ့တာရှိပေမဲ့ ပြည်သူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024