Home
မြန်မာသတင်း
နွေဦးကျန်းမာရေးသူရဲကောင်းများအတွက် ထောက်ပံ့ရေးကမ်ပိန်းတွင် ပါဝင်ရန် နှိုးဆော် 
DVB
·
July 23, 2024

နွေဦးကျန်းမာရေးသူရဲကောင်းတွေအတွက် ထောက်ပံ့ရေးကမ်ပိန်းကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်နေပြီး အားလုံးပါဝင်နိုင်ကြဖို့ နှိုးဆော်ထားပါတယ်။

နွေဦးကျန်းမာရေးသူရဲကောင်းအဖွဲ့ဝင် (Spring Healthcare Heroes - SHH) အစီအစဉ်ဟာ "ကျန်းမာရေးစောင့်ရှောက်သူမှ ကျန်းမာရေးစောင့်ရှောက်သူသို့" ကူညီစောင့်ရှောက်မဲ့ အစီအစဉ်ဖြစ်ပြီး တော်လှန်ရေးကာလ ရှေ့တန်းမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေနဲ့ စစ်ဘေးရှောင် ပြည်သူတွေကို ပင်ပန်းဆင်းရဲခံပြီး တသားတည်း ဆေးကုသမှုပေးနေကြတဲ့ ကျန်းမာရေးသူရဲကောင်းဝန်ထမ်းတွေကို ကူညီစောင့်ရှောက်မဲ့ အစီအစဉ် ဖြစ်ပါတယ်။

ဒီအစီအစဉ်ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက စတင်ခဲ့ပြီး အခုနှစ်၊ ဇူလိုင်လအထိ အချိန် ၂ နှစ်တာကာလကို ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ပါဝင်လိုသူတွေအနေနဲ့ Member ကြေး တလကို အမေရိကန်ဒေါ်လာ ၃၀ နှုန်း သတ်မှတ်ထားပြီး မိမိထည့်ဝင်နိုင်သလောက် ၃ လ၊ ၆ လ၊ ၁ နှစ် အထိ အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်သလို မိမိထောက်ပံ့လိုတဲ့ ရဲဘော်ရဲဘက် အရေအတွက်အလိုက် SHH အဖွဲ့ဝင်ကတ်တွေ ဝယ်ယူနိုင်မှာဖြစ်ကာ ဥပမာအားဖြင့် အလှူရှင်တဦးအနေနဲ့ လစဉ် SHH အဖွဲ့ဝင်ကတ် ၁၀ ကတ် ဝယ်ယူထားပါက ကျန်းမာရေးစောင့်ရှောက်သူ ၁၀ ဦးကို လစဉ်တာဝန်ယူ၊ ထောက်ပံ့ပေးနေတဲ့သဘော ဖြစ်ပါတယ်။ 

ဒီအစီအစဉ်မှာ အဖွဲ့ဝင်အဖြစ် တက်ကြွစွာ ပါဝင်လှူဒါန်းပေးနေတဲ့ ကမ္ဘာအရပ်ရပ်က လှူဒါန်းထောက်ပံ့သူတွေကိုလည်း အထူးပဲ ကျေးဇူးတင်ရှိကြောင်းနဲ့ ဆက်လက်ပြီး ပါဝင်ကူညီပေးကြဖို့နဲ့ တခြား ပါဝင်လှူဒါန်းနိုင်သူတွေကို စည်းရုံးပေးကြဖို့လည်း မေတ္တာရပ်ခံပန်ကြားထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013