အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် ယာယီသမ္မတတာဝန်ဝတ္တရားတွေကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီ လွှဲပြောင်းပေးလိုက်ကြောင်း ဇူလိုင် ၂၂ ရက်မှာ စစ်ကောင်စီက သတင်း ထုတ်ပြန်လိုက်ပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေဟာ လက်ရှိကျန်မားရေး မကောင်းဘဲ ဆေးခွင့်ယူထားတာကြောင့် တာဝန်ဝတ္တရားတွေ လုပ်ဆောင်ဖို့ ပျက်ကွက်တာနဲ့ ယာယီသမ္မတ လစ်ဟင်းနေချိန် တာဝန်ဝတ္တရားတွေကို စစ်ကောင်စီ ဥက္ကဋ္ဌဆီ လွှဲအပ်ဆောင်ရွက်ဖို့ ယာယီ သမ္မတရုံးက စစ်ကောင်စီရုံးကို အကြောင်းကြားစာ ပေးပိုလာတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အကြောင်းကြားစာအရ ဇူလိုင် ၂၂ ရက် မနက် ၁၁ နာရီခွဲအချိန်မှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာ ကိစ္စတွေအတွက် ယာယီ သမ္မတတာဝန်ဝတ္တရားတွေကို စစ်ကောင်စီ ဥက္ကဋ္ဌဆီ လွှဲပြောင်းတာကို လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေမှာ သတင်းထုတ်ပြန်ထားပါတယ်။