တခြားသင်္ဘောတစင်းကိုတိုက်ပြီး ခြေရာခံစနစ်ပိတ် ထွက်ပြေးတဲ့ ဧရာမ ဆီတင်သင်္ဘောကြီးကို ဖမ်းမိပြီး ထိန်းသိမ်းလိုက်နိုင်ပြီလို့ မလေးရှားက ထုတ်ပြန်ပါတယ်။
ဆောင်တိုမေး အန် ပရင်စီပေးဆိုတဲ့ အာဖရိက ကျွန်းနိုင်ငံငယ်လေးရဲ့ အလံလွှင့်ထူထားတဲ့ Ceres 1 သင်္ဘောကို ခြေရာခံမိပြီး ဖမ်းဆီးထိန်းသိမ်းလိုက်နိုင်ပြီလို့ မလေးရှားကမ်းခြေစောင့်တပ်က ပြောပါတယ်။
တရုတ်ကုမ္ပဏီကပိုင်တဲ့ ဒီဆီတင်သင်္ဘောကို မလေးရှားနိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းဆီ တွဲသင်္ဘောနှစ်စင်းနဲ့ ဆွဲသွားခဲ့ပါတယ်။
ဒီသင်္ဘောဟာ စင်ကာပူအလံလွှင့်ထားတဲ့ ဟက်ဖ်နီယာနိုင်းလ် သင်္ဘောနဲ့ ပြီးခဲ့တဲ့ သောကြာနေ့က ဝင်တိုက်မိတာဖြစ်ပြီး နှစ်စီးလုံး မီးလောင်ခဲ့ပါတယ်။
သင်္ဘောနှစ်စင်းလုံးက သင်္ဘောသားတွေကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ စင်ကာပူတာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။
Ceres-1 သင်္ဘောဟာ တိုက်မိလို့ မီးလောင်ပြီး သင်္ဘောသားနှစ်ဦး ဒဏ်ရာရခဲ့တဲ့ဖြစ်စဉ် အပြီးမှာ အခင်းဖြစ်နေရာကနေ ချက်ချင်းထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။
ဘာဖြစ်လို့ ဒီသင်္ဘောက ထွက်ပြေးရသလဲ ဆိုတာကိုတော့ မလေးအာဏာပိုင်တွေက မထုတ်ပြန်ပါဘူး။
ဒါပေမဲ့ ဒီသင်္ဘောဟာ အရေးယူပိတ်ဆို့ခံနေရတဲ့ တိုင်းပြည်တွေက ဆီသယ်တဲ့ Dark Fleet လို့ခေါ်တဲ့ မှောင်ခိုသင်္ဘောအုပ်စုထဲက ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
တရုတ်ကုမ္ပဏီ Shanghai Prosperity Ship Management က ပိုင်ဆိုင်တဲ့ ဒီသင်္ဘောဟာ အရင်ကလည်း အီရန်ရေနံစိမ်း တင်ဖူးတယ်လို့ စျေးကွက်ထောက်လှမ်းရေးသတင်းတွေက ဖော်ပြပါတယ်။
Source-Reuters