ကမ္ဘာလုံးဆိုင်ရာ လေယာဉ်ပြုပြင်ထိန်းသိမ်းမှု၊ ပြင်ဆင်ရေးနဲ့ လည်ပတ်မှုလုပ်ငန်း (MRO) ဟာ လာမယ့် ၅ နှစ်၊ ၆ နှစ် အတွင်း ပိုတိုးတက်ကောင်းမွန်လာဖို့ အဆင်သင့်ဖြစ်နေပါပြီ။
လေယာဉ်အသစ်တွေ ပြတ်လပ်နေလို့ လက်ရှိဂျက်လေယာဉ်တွေ ကြာရှည် ပျံသန်းနိုင်အောင် လုပ်ဖို့ လေကြောင်းလိုင်းတွေကို တွန်းအားပေးနေခဲ့တယ်လို့ မလေးရှားအခြေစိုက် လေယာဉ်ဝန်ဆောင်မှုကုမ္ပဏီ Asia Digital Engineering (ADE) ရဲ့ အမှုဆောင်အရာရှိချုပ် မာဟက်ရှ်ကူမားက ဇူလိုင် ၁၅ ရက်မှာ ပြောပါတယ်။
ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်တာနဲ့ လုပ်သားစရိတ်တွေ မြင့်တက်လာတာတွေကြောင့် မကြာသေးမီလတွေအတွင်း လေယာဉ်အသစ်တွေ ထုတ်လုပ်မှု သိသိသာသာ ကျဆင်းသွားတယ်လို့ မာဟက်ရှ်က ပြောပါတယ်။
စရိတ်နည်း လေကြောင်းလိုင်း AirAsia ကို လည်ပတ်နေတဲ့ Capital A ရဲ့ လေယာဉ်ပြုပြင် ထိန်းသိမ်းမှု လက်ရုံးဖြစ်တဲ့ ADE ဟာ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု မြင့်မားချိန် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှာ လုပ်ငန်း စတင်လည်ပတ်ချိန်ကစပြီး အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တာပါ။
AirAsia လေကြောင်းလိုင်းက အကြီးဆုံးဖောက်သည်အဖြစ် ဆက်ရှိနေချိန်မှာ ADE ဟာ ဘိုးရင်းနဲ့ အဲယားဘတ်စ်တို့ကို အပြိုင်ထုတ်လုပ်ဖို့ ရည်ရွယ်ထားတဲ့ အလားအလာရှိတဲ့ တရုတ်လေယာဉ်ထုတ်လုပ်သူ COMAC အပါအဝင် ပြင်ပလေကြောင်းလိုင်းတွေကို ပိုဆွဲဆောင်ပြီး လေယာဉ်အမြောက်အမြားကို ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံ တိုးချဲ့ပြီး ဝန်ဆောင်မှုတွေပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။
Source-Reuters